iMyanmarHouse.com - Best Property Website for Myanmar
×











အိပ်ရေး မဝသည့် အခါ အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို၍ မှုန်တေ၊ ရန်လို၊ ဒေါသကြီး တတ်ကြောင်း မြောက်ကာရို လိုင်းနားမှ သုတေသီများက ဖော်ထုတ် တွေ့ရှိခဲ့သည်။

မနက် မိုးလင်းခါစ အချိန်တွင် အိပ်ရေး မဝမှုကြောင့် စိတ်မကြည်မသာ ဖြစ်တတ်သည့် စိတ်အခြေအနေ၌ အမျိုးသမီးများက အမျိုးသားများထက် ပိုမို ပြင်းထန်လေ့ ရှိကြောင်း သိရှိရသည်။ အိပ်ရေး မဝသည့်အခါ အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို၍ မှုန်တေ၊ ရန်လို၊ ဒေါသကြီး တတ်ကြောင်း မြောက်ကာရို လိုင်းနားမှ သုတေသီများက ဖော်ထုတ် တွေ့ရှိခဲ့သည်။ အိပ်ရေး မဝခြင်းနှင့် ဆက်စပ်သည့် စိတ်ဖိစီးမှု အကြောင်း လေ့လာ ဆန်းစစ်ရင်း ယခုတွေ့ရှိချက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အိပ်ရေး မဝခြင်းသည် အမျိုးသမီးများ အတွက် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖိစီး ဒေါသထွက်မှု များကို ပိုမို ဖြစ်နိုင်ခြေ မြင့်မား စေကြောင်းလည်း ပညာရှင်များက ပြောကြားခဲ့သည်။ တစ်ဖက်တွင်မူ အမျိုးသားများ၏ ကျန်းမာရေးမှာ အိပ်ရေး မဝခြင်းကြောင့် ကြီးကြီးမားမား ထိခိုက်နိုင်သည့် အထောက်အထား မတွေ့ရဟု သိရှိရသည်။ အမျိုးသမီး တစ်ဦးသည် နံနက်ပိုင်းတွင် အိပ်ရေးမဝဘဲ နိုးထလာပါက အတန်ငယ်မျှသော ကိစ္စရပ်လေးများ အတွက်ပင် စိတ်တို အမျက်ထွက် တတ်ကြောင်း သုတေသီများက ဆိုသည်။

မြောက်ကာရို လိုင်းနားရှိ ဂျုခ်တက္ကသိုလ်မှ ဒေါက်တာ မိုက်ကယ် ဘရီးရပ်စ်က "အိပ်ချိန် နည်းပါးမှုနဲ့ ဆက်နွယ်တဲ့ စိတ်ဖိစီးမှုကို အမျိုးသမီးတွေက ပိုပြီး ခံစားရတယ် ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့တယ်။ အမျိုးသမီးတွေမှာ အိပ်ရေးပျက်ရင် ကျန်းမာရေးအရ ပိုပြီးလည်း အန္တရာယ် များပါတယ်။ ဒါကြောင့်လည်း ပုံမှန်ဆိုရင် မနက်ပိုင်းမှာ အမျိုးသမီးတွေက အမျိုးသား တွေထက် ပိုရန်လိုနိုင်တဲ့ သဘောပဲ"ဟု ပြောကြားခဲ့သည်။ တစ်ချိန်ကလည်း ဗြိတိန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အိပ်စက်ခြင်းဆိုင်ရာ သုတေသန ရလဒ်များအရ အမျိုးသမီး များသည် အမျိုးသားများထက် အိပ်ချိန် ပိုမို လိုအပ်ကြောင်း ဖော်ထုတ် အတည်ပြုခဲ့ဖူးသည်။

Credit : New Myanmar News

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top