iMyanmarHouse.com - Best Property Website for Myanmar
×














ဘာလုပ်လုပ် တခုခုတော့ ဖြစ်ကို ဖြစ်လိုက်ရမှ ၊ စိတ်ဆိုးရအောင်လည်း မတော်တဆ ဖြစ်တဲ့ကိစ္စဆိုတော့ ခက်သားပဲ။

ပျာကလပ်စိန် ရာသီခွင် နံပါတ် ၁ ကတော့ ဘယ်သူဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

၀၁. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
မနက်စာ ပါမုန့်ကို ပါးစပ်မှာ ကိုက်ပြီး ပျာပျာသလဲ အိမ်ကထွက်သွားပင်မဲ့ လမ်းရောက်မှ ဖုန်းမေ့တာကို သတိရပြီး အိမ်ပြန်ပြေး၊ အိမ်မရောက်ခင် ခလုတ်တိုက်ပြီး မှောက်လဲ အမြဲဖြစ်နေသူပါ။ ပတ်ဝန်းကျင်မှာ ရှိသူတွေကို ပြုံးပျော်စေမဲ့သူပါ။

၀၂. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
လက်ကြီးတဲ့သူဖြစ်ပြီး ဘာလုပ်လုပ် ဟိုမေ့ဒီမေ့နဲ့ အမြဲ အဆူခံရသူပါ။ ကိုယ့်ပစ္စည်းတောင် ဘယ်မှာထားလဲဆိုတာကို မေ့သွားလေ့ရှိတာကြောင့် ချိန်းထားတာဆို ပို၍ဆိုးပါလိမ့်မယ်။ ဒါပင်မဲ့လည်း အလုပ်တစ်ခုကို ပြီးမြောက်အောင်တော့ လုပ်လေ့ရှိပါတယ်။

၀၃. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
အလုပ်ကို သေသေချာချာလုပ်နေပင်မဲ့လည်း တနေရာမှာ အမှားကို ခဏခဏလုပ်မိတတ်သူပါ။ မှားမှန်းသိရင် ခြေမကိုင်လက်မကိုင်ဖြစ်ပြီး ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် သူ့ကို ကူညီဖို့ရန် သူငယ်ချင်းကောင်းတစ်ယောက်ရှိသင့်တယ်လို့ ထင်ပါတယ်။

၀၄. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
ပြောစကားကို အဆုံးထိ နားထောင်လေ့မရှိပဲ၊ ချက်ချင်းဆိုသလို ပါးစပ်ကတော့ ဟုတ်ကဲ့၊ ဟုတ်ကဲ့နဲ့ တကယ်တော့ လုပ်ချင်ရလုပ်တတ်သူပါ။

၀၅. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
သူ့ကြည့်ရင် တော်တယ်လို့ထင်ရပင်မဲ့ တကယ်တော့ ပျာကလပ်စိန်ပါ။

၀၆. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
နည်းနည်းတော့ ရှန်းတန်းတန်းဖြစ်တတ်ပင်မဲ့ အမှားကြီးကြီးတော့ မလုပ်တတ်ပါ။

၀၇. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
အမှားလုပ်တာနည်းသူပါ။ ဒါပင်မဲ့ တခါမှားတဲ့အမှားကို ပြန်ပြီးလေ့လာတာထက် ထပ်ခါတလဲလဲ ဒီအမှားကို ပြန်လုပ်တတ်သူပါ။

၀၈. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
နောက်ထပ်နည်းနည်း ကြိုးစားလိုက်ရင် အဆင်ပြေသွားမှာပါ။ သူကတော့ ကြိုးစားနေသူဖြစ်လို့ သူများတွေကိုတောင် ပြန်သင်ပေးရမှာပါ။

၀၉. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
ဘာပဲလုပ်လုပ် သေသေချာချာ စေ့စေ့စပ်စပ်လုပ်တတ်သူပါ။ အမှားဆိုတဲ့ စကားလုံးက သူ့ဆီမှာ မရှိပါ။

၁၀. ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
ဘာမဆို စနစ်တကျ လေ့လာပြီးမှ လက်တွေ့လုပ်သူပါ။ သူများအရှေ့မှာ အရှက်ကွဲနိုင်လောက်အောင်ဖြစ်နိုင်တဲ့အမှားကို လုံးဝမလုပ်ပါ။

၁၁. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
ကြိုတင်ပြင်ဆင်မှုကို အလေးထားသူပါ။ အရေးပေါ်အခြေအနေမှာ လိုအပ်တဲ့ ပစ္စည်းတွေကို သူ့အနားမှာ အမြဲရှိနေတတ်ပါတယ်။

၁၂. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
တိတိကျကျကို လုပ်ကိုင်တတ်သူပါ။ ဒါပင်မဲ့ မထင်မှတ်သော အမှားတခုကြောင့် စိတ်ညစ်ရတဲ့အခါမျိုးလည်း ကြုံရတတ်ပါတယ်။

Credit: Chelmo Team

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top