iMyanmarHouse.com - Best Property Website for Myanmar
×










တောင်ကိုရီးယားမိန်း ကလေးအဆိုရှင်များအဖွဲ့ Dal Shabet သည် ဇူလိုင် ၂၅ ရက် တွင် ဂျပန်နိုင်ငံ မြို့တော်တိုကျို၌ ပထမဆုံးအကြိမ် တစ်ကိုယ်တော် ပရိသတ်တွေ့ဆုံပွဲပြုလုပ်မည် ဖြစ်သည်။
အဆိုပါပရိသတ်တွေ့ဆုံပွဲ လက်မှတ်များ စတင်ရောင်းချ သည့်အချိန်တွင်ပင် ချက်ချင်း ရောင်းကုန်ခဲ့၍ Dal Shabet အဖွဲ့ ၏ ဂျပန်အနုပညာလှုပ်ရှားမှုများ တာထွက်လှပမှုကို ဖော်ပြနေ သည်။

Dal Shabet အဖွဲ့သည် ဂျပန်နိုင်ငံတွင် တရားဝင်အနုပညာ ခြေလှမ်းမစတင်ရသေးသည့် အပြင် မည်သည့်ပရိုမိုးရှင်းပွဲမျှ မလုပ်ရသေးသောကြောင့် ပရိ သတ်တွေ့ဆုံပွဲလက်မှတ်များ ချက်ချင်းရောင်းကုန်မှုမှာ ပြည့်ဝသော အောင်မြင်မှုတစ်ခုဖြစ် သည်။

Dal Shabet အဖွဲ့သည် တိုကျိုမြို့တွင် ပရိသတ်တွေ့ဆုံပွဲ မပြုလုပ်မီ ဇူလိုင် ၂၄ ရက်က သတင်းစာရှင်းလင်းပွဲနှင့် ဂျပန် နိုင်ငံ၌ Dal Shabet ပရိသတ်အဖွဲ့ တည်ထောင်သည့်ပွဲလည်းပြုလုပ် မည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အကြီးဆုံးဖြန့် ချိရေးကုမ္ပဏီများနှင့် တေးဂီတ လုပ်ငန်းများမှ ကိုယ်စားလှယ် များသည် Dal Shabet ပရိသတ် တွေ့ဆုံပွဲသို့ တက်ရောက်မည်ဟု လည်း သိရသည်။
Dal Shabet အဖွဲ့ဝင်များ အားလုံးပါဝင်  တင်ဆက်ထား သော Joker Is Alive မီနီအယ်လ် ဘမ်သည် ပြီးခဲ့သည့် ဧပြီ ၁၅ ရက်တွင် ထွက်ရှိခဲ့သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top