iMyanmarHouse.com - Best Property Website for Myanmar
×










ရပ် အဆိုတော် Lil Wayne ဟာ သူ့ရဲ့ သီးသန့်လေယာဉ်ပေါ်ကနေ မောင်းချခြင်းခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ လေယာဉ်မှုးက သူ့ကို လေယာဉ်ပေါ်မှာ ဆေးခြောက်သောက်လို့ မရနိုင်ကြောင်း တားမြစ်တာကို သူက မလိုက်နာ ခဲ့တဲ့ အတွက်ပါ။

ရပ်ပါဟာ ဖလော်ရီဒါ ပြည်နယ်က Fort Lauderdale လေဆိပ်ကနေ သီးသန့်လေယာဉ် နဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတုန်းမှာပဲ သူ့ကို လေကြောင်းခရီးစဉ်အတွင်း ဆေးလိပ်သောက်လို့ မရနိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေးခဲ့ကြပေမယ့် မကြာခင် အချိန်ပိုင်းမှာပဲ သူဟာ ဆေးခြောက် စီးကရက်ကို မီးထုတ်ညှိခဲ့ပါတယ်။

လေယာဉ်မှုးဟာ လေကြောင်း ခရီးစဉ်စတင်ပြီး ၁၇ မိနစ် အတွင်းမှာပဲ Lil Wayne ရဲ့ ဆေးခြောက်သောက်နေမှု ကို တားမြစ်လို့ မရနိုင်တော့တဲ့အတွက် ထွက်ခွာလာတဲ့ လေဆိပ်ကို ပြန်လည် ဆင်းသက်ကာ Lil Wayne ကို လေယာဉ်ပေါ်က မောင်းချခဲ့တာပဲ ဖြစ်ပါတယ်။

TMZ သတင်းတွေရဲ့ အဆိုအရတော့ အသက် ၃၂ နှစ်အရွယ် Young Money အဖွဲ့ဝင် ရပ်ပါ Lil Wayne ဟာ ၂၀၁၃ ခုနှစ်တုန်းကလည်း "sizzzurp" လို့ ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးလို အရည်တစ်မျိုးကို သောက်သုံးခဲ့မှုကြောင့် ဆေးရုံတက်ခဲ့ရဖူးပါတယ်။ အဲဒီ အချိန်တုန်းကလည်း သူသောက်သုံးခဲ့တဲ့ အရာကို အတိအကျ ပြောပြခဲ့ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း Lil Wayne ရဲ့ နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ် ဘတ်စ်ကား ကို ဂျော်ဂျီယာ ပြည်နယ်မှာ သေနတ် နဲ့ အပစ်ခံရမှု နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်ကပဲ ရပ်ပါ Birdman နဲ့ Young Thug တို့ကို ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top