iMyanmarHouse.com - Best Property Website for Myanmar
×









တောင်ကိုရီးယားအမျိုး သမီးအဆိုတော်အဖွဲ့ 'Girls' Generation' ၏ တေးဂီတ ဗီဒီယို အသစ် "Party" ကို ဇူလိုင် ၇ ရက် နံနက်စောစောတွင် ထုတ်ဝေလိုက်ပြီး ၆ နာရီမပြည့်မီ ယူကျု့ဘ်၌ ကြည့်ရှုသူပေါင်းတစ်သန်းကျော် ပြီဖြစ်သည်။

ယင်းမြူမြူးကြွကြွသီချင်းမှာ နားစွဲလွယ်ပြီး လန်းဆန်းတက် ကြွစေကာ စွဲလမ်းစေသည်ဟု အများက မှတ်ချက်ပြုကြသည်။ အရောင်အသွေးစုံလင်သော ယင်းတေးဂီတဗီဒီယိုတွင် အဆိုတော်မိန်းမပျိုလေးများ၏ လန်း ဆန်းတက်ကြွမှု၊ စိတ်အားထက်သန်မှု၊ ရွှင်ပြတက်ကြွသောစရိုက်လက္ခဏာများကို အလေးထား ဖော်ပြပြီး အဖွဲ့ဝင်တစ်ဦးချင်းစီ၏ ကိုယ်ပိုင်ပုံစံဖြင့်  လှလှပပ ရိုက် ကူးထားသည်။

Party သီချင်းသည် ဟောင် ကောင်၊ ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ်တို့အပါအဝင် အာရှဒေသခုနစ်ခု၏ iTune သီချင်းများစာရင်းတွင် ချက်ချင်း ဆိုသလိုနံပါတ် ၁ နေရာ   ရရှိထားသည်။

Party သီချင်းသည်ယခု နွေရာသီ အတွင်း Girls' Generation အဖွဲ့ထုတ်ဝေရန်စီစဉ်ထားသော သီချင်းသုံးပုဒ်အနက် ပထမဆုံး သီချင်းဖြစ်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top