iMyanmarHouse.com - Best Property Website for Myanmar
×









 တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များ အဖွဲ့ Infinite သည် ဆိုးလ်မြို့တွင်ပြုလုပ်မည့် Mission Impossible: RogueNation ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ၌ ဟောလိဝုဒ်မင်းသားတွမ်ခရုဇ် နှင့်တွေ့ဆုံမည်ဖြစ်သည်။

Infinite ကေပေါ့ပ်အဖွဲ့ သည် ဇူလိုင် ၃၀ ရက်တွင် ဆိုးလ် မြို့ Lotte World အဆောက်အအုံ၌ပြုလုပ်မည့် Mission ImpossibleRogue Nation ရုပ်ရှင်ဇာတ်ကား သတင်းစာရှင်းလင်းပွဲသို့ တက် ရောက်မည်ဟု ၎င်းတို့အဖွဲ့၏ အေဂျင်စီကပြောသည်။ ‘‘တွမ် ခရုဇ်လည်း အဲဒီပွဲကို တက်လိမ့် မယ်။ Infinite အဖွဲ့ဟာ တွမ်ခရုဇ် နဲ့တွေ့ဖို့ စိတ်လှုပ်ရှားနေပြီး ပြင် ဆင်မှုတွေပြုလုပ်နေပါတယ်’’ဟု အေဂျင်စီကပြောသည်။

Infinite အဖွဲ့သည် အဆိုပါ ရုပ်ရှင်ဇာတ်ကားအတွက် သတင်းစာရှင်းလင်းပွဲမတိုင်မီ သီချင်းဖြင့် သီဆိုဖျော်ဖြေ    တင်ဆက်ရန် အစီအစဉ်ရှိပြီး အသစ်ထွက်ရှိထားသော Bad သီချင်းနှင့် အခြားသောနာမည်ကျော် သီချင်းများ ဖြင့်လည်း ဖျော်ဖြေတင်ဆက်သွား ဖွယ်ရှိသည်။ တွမ်ခရုဇ်ပါဝင်သရုပ်ဆောင်ထားသော Mission Impossible: Rogue Nation ရုပ်ရှင်ဇာတ်ကားသစ်ကို ဇူလိုင် ၃၀ ရက်တွင် တောင်ကိုရီးယား နိုင်ငံ၌ ရုံတင်ပြသမည်ဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top