iMyanmarHouse.com - Best Property Website for Myanmar
×














ဟောလီးဝုဒ် မင်းသမီး Jennifer Aniston ဟာ သူမရဲ့ ခင်ပွန်းလောင်း Justin Theroux ရဲ့ သူငယ်ချင်းအဖွဲ့တွေနဲ့ ပတ်သက်ပြီး ပြသနာ အနည်းငယ် ရှိနေတယ်လို့ သိရပါတယ်။ ဟောလီးဝုဒ် မင်းသား တစ်ယောက်ဖြစ်တဲ့ Justin Theroux ဟာ "Zoolander 2" ဆိုတဲ့ဇာတ်လမ်းကို ရိုက်ကူးရင်း အလုပ်ရှုပ်နေပြီး သူ့သူငယ်ချင်းတွေနဲ့သာ အချိန် ဖြုန်းနေတဲ့အတွက် Justin Theroux တစ်ယောက် ပြောင်းလဲသွားတယ်လို့ Jennifer Aniston က မှတ်ထင်နေတာပဲ ဖြစ်ပါတယ်။

OK! မဂ္ဂဇင်း ရဲ့ ဖော်ပြချက်အရ တော့ Jennifer Aniston ဟာ "Leftovers" တီဗွီအစီအစဉ် ရဲ့ ကြယ်ပွင့် Justin Theroux ရဲ့ ရှောင်ဖယ်ခြင်း ကို ခံနေရတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ Theroux ဟာ သူ့ သူငယ်ချင်း အဖွဲ့တွေနဲ့သာ အချိန်ကုန်ဆုံးနေပြီး သူငယ်ချင်းတွေနဲ့ ရှိတဲ့အချိန်မှာဆို Theroux ဟာ အထာကျပြီး သူဋ္ဌေးတစ်ယောက် သဖွယ် ဖြစ်လာလို့ပါတဲ့။

အတွင်းလူတစ်ယောက်က ပြောပြခဲ့တာကတော့ "သူ့သူငယ်ချင်းတွေဟာ သူ့ကို မြှောက်စားထားကြပါတယ်။ Aniston လုပ်နိုင်တာလည်း ဘာမှမရှိပါဘူး။သူမမှာ လောလောဆယ် ရုပ်ရှင်ရိုက်စရာလည်းမရှိပါဘူး။ ဒါကြောင့် သူနဲ့ သူ့ရဲ့ ရုပ်ရှင်သာလျှင်အရေးကြီးဆုံးဖြစ်နေပြီး Aniston ကိုယ်တိုင်ကလည်း Theroux ကို ရှောင်နေပါတယ်" လို့ဆိုပါတယ်။

ထို Zoolander 2 ဆိုတဲ့ ဇာတ်လမ်းထဲမှာတော့ Will Ferrell ၊ Ben Stiller ၊ Owen Wilson ၊ Oilivia Munn ၊ Kristen Wiig နဲ့ Penelope Cruz တို့လည်း ပါဝင်သရုပ်ဆောင်ထားကြတယ်လို့ သိရပါတယ်။

ဧပြီလတုန်းက ကျင်းပခဲ့တဲ့ Robert Downey, Jr. ရဲ့ မွေးနေ့ပွဲပြီးကတည်းက Aniston နဲ့ Theroux တို့ဟာ ဓါတ်ပုံတောင် အတူမရိုက်ဖြစ်ခဲ့ကြပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ Aniston ဟာ Theroux ရဲ့ ကိုယ်သင်းရနံ့ ကို ဘယ်လို သဘောကျတယ်ဆိုတဲ့အကြောင်းတွေကိုတော့ People မဂ္ဂဇင်းကို ပြောပြခဲ့ဖူးပါတယ်။

သူမတို့ စုံတွဲဟာ ၂၀၁၁ မှာ စတင်တွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ စေ့စပ်ကြောင်းလမ်းကြောင်းကို ကြေညာခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်တွေနဲ့ မီဒီယာတွေကတော့ သူမတို့ရဲ့ မင်္ဂလာဆောင်သတင်း ကို စောင့်မျှော်နေခဲ့ကြပေမယ့်လည်း Aniston က ဇန်န၀ါရီလ မှာ Hollywood Reporter သတင်းဌာနကို ပြောပြခဲ့တာကတော့ မင်္ဂလာဆောင်မယ့်နေ့ကို သတ်မှတ်ဖို့ အစီအစဉ်မရှိသေးပါဘူးတဲ့။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top