iMyanmarHouse.com - Best Property Website for Myanmar
×



2013 MTV VMA ပွဲမှာတုန်းက တင်ပါးကို အသားပေးပြီး ကခဲ့တဲ့ ပါဖောင်းမန့်စ်တစ်ချို့ကြောင့် ပရိသတ်တွေ အာရုံစိုက်တာ ပိုခံခဲ့ရတဲ့ Miley Cyrus ဟာ ဒီနှစ်မှာ ကျင်းပမယ့် VMA ပွဲအတွက် အစီအစဉ်တင်ဆက်သူ လုပ်ပေးဖို့ ကမ်းလှမ်းခြင်း ခံလိုက်ရပါပြီ။ ပွဲလုပ်မယ့်ရက်ကတော့ သြဂုတ်လ ၃၀ရက်နေလို့ သိရပြီး Miley ဟာ ပရိသတ်ပေါင်းများစွာရဲ့ အာရုံစိုက်တာ ခံရတဲ့ အနုပညာရှင်မို့ ခုလိုရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

VMA ပွဲနဲ့ပတ်သက်တဲ့ အခြားသောအရာတွေကတော့ ဆန်ကာတင်စာရင်းတွေ ထွက်ရှိလာခဲ့ပြီဖြစ်ပြီး အားလုံးသိတဲ့အတိုင်း Taylor Swift က ဆန်ကာတင် ဆု ၉ခုနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ အဲ့ဒီနောက်မှာတော့ Ed Sheeran က ဆု ၅ဆု ၊ Beyonce တို့က ဆု ၆ခုနဲ့ ဒုတိယ၊ တတိယနေရာတွေမှာ အသီးသီးရပ်တည်နေကြပါတယ်။ ဒီအနုပညာရှင်သုံးယောက်ကပဲ တစ်နှစ်တာလုံးအတွက် အကောင်းဆုံးဗီဒီယို ဘယ်သူရရှိမလဲဆိုတာ ပြန်လည်ယှဉ်ပြိုင်ရမယ့် အနေအထားပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top