iMyanmarHouse.com - Best Property Website for Myanmar
×














ဗြိတိန်ကမ္ဘာကျော်အမျိုးသားအဖွဲ့ One Direction အဖွဲ့ဝင် အသက် ၂၃ နှစ်ရှိ လူးဝစ်တွမ်လင်ဆန်ဟာ သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ဘရိုင်ယန်နာဂျန်ဝါ့သ်နဲ့ ကိုယ်ဝန်ရရှိပြီး ဖခင်ဖြစ်တော့မယ်လို့ People မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။

သူတို့နှစ်ယောက်စလုံးရဲ့ဘုံဆိုင်သူငယ်ချင်းတစ် ယောက်ကတော့ လူးဝစ်နဲ့ စတိုင်လ်တီထွင်သူ ဘရိုင်ယန်နာတို့ကြားမှာ ချစ်ကြိုက်မှုမရှိကြောင်း၊ အကယ်၍သာ သူတို့ရင်သွေးလေး နောက်နှစ်စောစောမှာ မွေးဖွားပါက လူးဝစ်ဟာ ကလေးတာဝန်တွေနဲ့လုံးလည်ချာလည်လိုက်နေတဲ့ကလေးအဖေလုံးလုံးဖြစ်တော့မှာပါလို့ ပြောကြားခဲ့ပါတယ်။

လူးဝစ်က သူနဲ့အချိန်အကြာကြီးတွဲလာတဲ့ ချစ်သူ အလန်နွာကယ်လ်ဒါနဲ့ ပြီးခဲ့တဲ့မတ်လမုာ ပြတ်စဲခဲ့တဲ့နောက် လနည်းနည်းကြာတော့မှ ဘရိုင်ယန်နာကို တခြားသူငယ်ချင်းတွေအများကြီးနဲ့အတူ တွဲသွားတွဲလာလုပ်တာ တွေ့လာရတာပါ။

‘လူးဝစ်က ကလေးအဖေဖြစ်တော့မှာမို့ အရမ်းကို ပျော်ရွှင်စိတ်လှုပ်ရှားနေ ပါတယ်။ ဘရိုင်ယန်နာဟာလည်း အံသြဖို့ကောင်းတဲ့ အမေဖြစ်လိမ့်မယ်လို့ သူထင်နေတယ်’ ဟု ရင်းမြစ်တစ်ဦးက People သို့ပြောကြားခဲ့သည်။

Credit : phothutaw

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top