iMyanmarHouse.com - Best Property Website for Myanmar
×














သရုပ်ဆောင် အဆိုတော် ၀ိုင်းစုခိုင်သိန်းက သူ့ရဲ့ “ခါချနေရတယ်” MTV ရိုက်ကူးရေးအတွက် မိုးရွာနေလို့ ကြန့်ကြာ နေရသော်လည်း ရိုက်ကူးမှုတွေကို ပရိသတ် စိတ်ဝင်စားအောင် ရိုက်ကူးနေပါတယ်လို့ ပြောပြခဲ့ပါတယ်။ ပရိသတ်ဆီကို အစောဆုံး ပို့ပေးချင်ပေမယ့် နောက်ကျတော့မယ်လို့ ဆိုပါတယ်။

“ဒီရက်ပိုင်း မိုးတွေက အရမ်းကို ရွာနေတော့ ရိုက်ကွင်းပြင်လိုက် ပြန်ဖြတ်လိုက်ရနဲ့ အချိန်တွေ ကြန့်ကြာ နေရတယ်။ ၀ိုင်းစု သဘောအရဆို Audio ထွက်ပြီး မကြာခင်ဘဲ ပရိသတ်တွေကို MTV အဖြစ် ပြချင်ခဲ့တာပါ။ ဒါပေမဲ့ ရာသီဥတုက မျက်နှာသာ မပေးဘူး ဖြစ်နေတယ်။ ဒါပေမဲ့ ၀ိုင်းစု အခုတော့ ရသလောက် ရိုက်ကူးနေတယ်။ အစက စက်တင်ဘာလ အစပိုင်းလောက်ကို ထွက်ချင်တာ ဆိုတော့ အခု အခြေအနေအရ ဆိုရင် နည်းနည်း စောင့်ရဦးမယ် ထင်တယ်။ ၀ိုင်းစုဘက်နေ အတတ်နိုင်ဆုံး အစောဆုံး ကြိုးစားနေပါတယ်။ လက်ရှိတော့ ရှိုးပွဲတွေ ဆိုနေတယ်။ ပြီးတော့ MTV ရိုက်နေတယ်။ ဒါပါပဲ”လို့ ၀ိုင်းစုခိုင်သိန်းက ပြောခဲ့ပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ “ခါချနေရတယ်” MTV အတွက် သူမအနေနဲ့ မူရင်း အဆိုရှင်တွေနဲ့ပဲ အဓိက ရိုက်ကူး သွားမယ်လို့ သိရပါတယ်။ သူမအနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုအတွက် ပရိုမိုးရှင်းကိုလည်း ထူးထူး ခြားခြားလေး ဖြစ်အောင် ပြင်ဆင်နေပါတယ်လို့ ပြောသွားခဲ့ပါတယ်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top