အရက်မသောက်ခင် ဒီအသီးကို စားပေးပါက အရက်နာကျခြင်း မဖြစ်စေနိုင်
အရက် မကြာခဏ သောက်ရတာကို ကြိုက်ပေမယ့် နောက်နေ့ မှာ အရက်နာကျတဲ့ ခံစားမှုကြီးတော့ မကြိုက်ဘူးမလား။ အရက်နာကျတယ် ဆိုတာ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ရေငတ်တာ၊ အစားအသောက်မ၀င်တာ၊ မအီမသာဖြစ်တာ၊ ၀မ်းလျှောတာ၊ မောပန်းနွမ်းနယ်တာ စတာတွေ ပြုံဖြစ်တတ်ပါတယ်။
အရက်နာကျရင် သင်ပုံမှန်လုပ်လေ့ရှိတာက ရေအများကြီးသောက်ပေးတာ၊ အိပ်ရာမ၀င်ခင် အက်စပရင်နှစ်လုံးလောက်သောက်တာ မျိုးပါ။ ဂျင်းရည် နဲ့ ပက်ပါမင့် လက်ဖက်ရည်သောက်ပေးတာကလည်း အရက်သောက်ပြီးနောက် ဖြစ်တတ်တဲ့ အစာအိမ်ပြဿနာတွေကို သက်သာစေပါတယ်။ ခေါင်းကိုက်သက်သာအောင်လည်း ကော်ဖီက ကုသပေးနိုင်ပါတယ်။
အရက်နာကျနေရင် ဒါတွေ အကုန်စားသောက်နိုင်သလို အရက်မသောက်ခင် အာရှသစ်တော်သီး စားပေးရုံနဲ့ အရက်နာကျခြင်းကို တားဆီးနိုင်ပါတယ်။ သြစတြေးလျက သိပ္ပံပညာရှင်တွေဟာ သစ်တော်သီးကို အရက်မသောက်ခင် စားပေးတာက အရက်နာကျခြင်းကို လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။
“ သစ်တော်သီးတွေမှာ ကိုလက်စထောနည်းပြီး ၀မ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် အသားအရေယောင်ရမ်းမှုကိုတားဆီးပေးတဲ့ဓာတ်တွေလည်း ပါဝင်ပါတယ်။ အရက်နာကျခြင်းကို တားဆီးပေးပြီး နဲ့ သွေးတွင်းအယ်ကိုဟောပါဝင်မှုကို လျော့နည်းစေနိုင်တယ်လို့ ယူဆရပါတယ်” လို့ ပြောကြားလိုက်ပါတယ်။
အခုလောလောဆည်မှာတော့ တခြားသစ်တော်သီးတွေမဟုတ်ဘဲ ကိုရီးယားသစ်တော်သီး သို့ မဟုတ် အာရှသစ်တော်သီး ကသာ အရက်နာကျခြင်းကို သက်သာစေနိုင်ကြောင်း တွေ့ ရှိထားပါတယ်။ ကိုရီးယားသစ်တော်သီးဖျော်ရည် ၂၂၀ မီလီလီတာလောက် သောက်ပေးခြင်းက အရက်နာကျခြင်းကို တားဆီးနိုင်စွမ်းရှိသလို သစ်တော်သီးတစ်လုံးလုံး စားပေးတာကလည်း အလားတူ အကျိုးကျေးဇူးရှိစေတယ်လို့ SCIRO သုတေသနဒါရိုက်တာ Manny Noakes က ရှင်းပြခဲ့ပါတယ်။
အရက်မသောက်ခင် အာရှသစ်တော်သီးတစ်လုံးစားပေးခြင်းက မှတ်ဥာဏ်ဆုံးရှုံးခြင်း၊ ကို လျော့ချပေးနိုင်ပြီး သင် ညက မူးမူးနဲ့ ပေါက်ကရလုပ်ခဲ့တာတွေကို ပြန်မှတ်မိစေ နိုင်တယ်လို့ ဆိုပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...