ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးဌာနကပြုလုပ်ခဲ့တဲ့ လေ့လာစာရင်းကောက်မှုအရ လူငယ် ၁၀၀၀ မှာ ၉၉ ရာခိုင်နှုန်းလောက်က မျက်ကပ်မှန်တပ်ခြင်းရဲ့အဓိက စည်းကမ်းတွေကို လိုက်နာမှု မရှိဘူးလို့ သိရှိခဲ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း မျက်ကပ်မှန်တပ်ခြင်းဟာ တဖြည်းဖြည်းခေတ်စား လာခဲ့ပြီး ဗြိတိန်မှာ လူဦးရေ ၃.၅ သန်း၊ အမေရိကန်ပြည်ထောင်စုမှာ လူဦးရေ သန်း ၃၀ လောက်က မျက်စိအမြင် အားနည်းရင် မျက်မှန် တပ်မယ့်အစား မျက်ကပ်မှန်ကိုသာ ရွေးချယ်နေကြပါတယ်။
မျက်ကပ်မှန်တပ်သူ တစ်ဝက်ကျော်ဟာ မျက်ကပ်မှန်တပ်ရင်းနဲ့ ညဘက် အိပ်စက်လေ့ရှိကြောင်း ၀န်ခံခဲ့ကြပြီး ၁၀ ယောက်မှာ ကိုးယောက်က မျက်ကပ်မှန်တပ်ရင်းနဲ့ ပဲ တစ်ရေးတစ်မော အိပ်လေ့ရှိတယ်လို့ ဆိုပါတယ်။မျက်ကပ်မှန်တပ်ဆင်သူ သုံးပုံတစ်ပုံဟာ မျက်စိနီမြန်းခြင်းနဲ့ မျက်စိနာခြင်းကြောင့် ဆရာဝန်ဆီ သွားခဲ့ရကြောင်း လည်း ၀န်ခံခဲ့ပါတယ်။
ဒီလေ့လာမှုက တွေ့ ရှိခဲ့ရတဲ့ အကြီးမားဆုံးစိုးရိမ်မှုကတော့ လူအမြောက်အများဟာ သူတို့ ရဲ့ မျက်ကပ်မှန်ကို ရေနဲ့ ထိတွေ့ စေကြတာ ဖြစ်ပါတယ်။ သူတို့ ရဲ့ မျက်ကပ်မှန်ကို ဘုံဘိုင်ရေနဲ့ ဆေးခြင်း၊ ရေချိုးစဉ် မျက်ကပ်မှန် မချွတ်ခြင်း၊ ရေကူးစဉ် မချွတ်ကြခြင်းတို့ ဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ ဒီအပြုအမူဟာ ရေထဲမှာပါတဲ့ မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေကို မျက်လုံး နဲ့ ထိတွေ့ စေတာကြောင့် ရောဂါပိုးကူးစက်မှု အန္တရာယ်ကို သိသိသာသာများစေတယ်လို့ သိရပါတယ်။အိမ်တွေမှာ အသုံးပြုတဲ့ ဘုံဘိုင်ရေဟာ သောက်ဖို့ အတွက် သင့်လျော်တယ် ဆိုပေမယ့် ပိုးသတ်ထားခြင်းမရှိတာ ကြောင့် ပိုးမွှားတွေ ပါဝင်လာနိုင်ပြီး မျက်ကပ်မှန်ကို ကပ်ပါကာ မျက်လုံးကိုရောဂါပိုး ကူးစက်စေနိုင်ပါတယ်။
မျက်ကပ်မှန် တပ်ဆင်ခြင်းနဲ့ ပြန်ထုတ်စဉ်မှာ လက်သည်းနဲ့ မျက်ကြည်လွှာကို ခြစ်မိရာကနေလည်း Keratitis ခေါ် မျက်ကြည်လွှာပိုင်းဆိုင်ရာရောဂါကို ရစေနိုင်ပါတယ်။ မျက်ကပ်မှန် တပ်ဆင်သူတွေ အတွက် ရောဂါပိုး ကူးစက်မှု အန္တရာယ်အနည်းဆုံးဖြစ်အောင်လို့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။
၁။ မျက်ကပ်မှန်ကို ကိုင်တွယ်ထိတွေ့ မှုမပြုခင် လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောပြီး လက်လုံးဝခြောက်သွေ့ သည် အထိ ထားသင့်ပါတယ်။
၂။ မအိပ်ခင်၊ရေမချိုးခင်၊ရေမကူးခင်မှာ မျက်ကပ်မှန်ကို ထုတ်ထားပါ။
၃။ မျက်ကပ်မှန်ထုတ်ပြီးတိုင်း ပိုးသတ်ထားတဲ့ဆေးရည်နဲ့ မျက်ကပ်မှန်ကို ဆေးကြော သန့် စင်ပေးပါ။
၎။ မျက်ကပ်မှန်ထည့်တဲ့ဘူးကို ပိုးသတ်ထားတဲ့ဆေးရည်နဲ့ ဆေးကြောပြီး အဖုံးပိတ်လျက် ဇောက်ထိုးအနေ အထားနဲ့ သိမ်းဆည်းပေးပါ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ကျန်းမာရေး
»
ဗဟုသုတ
» မျက်ကပ်မှန် တပ်သူတွေအနေနဲ့ တစ်ကိုယ်ရည် သန့် ရှင်းမှု စည်းကမ်းတွေကို မလိုက်နာပါက မျက်လုံးကန်းနိုင်ခြေရှိ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။