iMyanmarHouse.com - Best Property Website for Myanmar
×










မိမိလက်တွဲဖော် ချစ်သူနဲ့ လက်တွဲဖြုတ်လမ်းခွဲကြတာ ခက်ခဲနိုင်ပြီး တခါတလေ စိတ်ကြေကွဲ ဝမ်းနည်းမှုများစွာ ဖြစ်ပေါ်စေပါတယ်။ အဲဒါကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲ နည်းလမ်းလေးတွေရှိပါတယ်။

(၁) ဖြစ်နိုင်ရင် ပရိဒေဝမီးတောက်လောင်မှု၊ ဒေါသတွေနဲ့ အဆုံးသတ်ဖို့ မကြိုးစားးပါနဲ့။ အဲ့ဒီလို စွပ်စွဲပြစ်တင်မှုတွေနဲ့ ဒေါသတကြီးဖြစ်မှုတွေမပါဘဲ လမ်းခွဲပြတ်စဲလိုက်ဖို့ဆိုတာ ခက်ခဲပေမယ့် ဒီလိုမျိုးအဖြစ်နဲ့ အဆုံးမသတ်ရအောင် ကြိုးစားပါ။ ဒီနည်းက စိတ်နာကျင် စားခံစားမှု ပိုလို့တောင် ဖြစ်စေပါတယ်။

(၂) လက်တွေ့သဘာဝကျတဲ့ အကြောင်းပြချက်များအပြင် စိတ်ထိခိုက်ဖွယ်ဖြစ်စေတဲ့ အကြောင်းပြချက်များအတွက် သင့်ဘေးနားမှာရှိနေကြတဲ့ သင့်မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းများရဲ့ ဝိုင်းဝန်းကူညီမှု ရယူပါ။ ခေတ္တနေထိုင်ဖို့ နေရာတစ်ခုခု သို့မဟုတ် ကလေးတွေကို ကူညီပေးဖို့ တစ်စုံတစ်ယောက်တော့ လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။

(၃) ငိုဖို့နဲ့ ဒေါသထွက်ဖို့ မကြောက်ပါနဲ့။ မိမိခံစားချက်တို့ကို ပွင့်အန်ဖွင့်ထွက်စေဖို့ အရေးကြီးပါတယ်။ ရင်ထဲမှာ အားလုံးစုပြုံးသိမ်းထားခြင်းဟာ သင့်အတွက် မကောင်းပါဘူး။ ဒါ့ကြောင့် လမ်းခွဲမထွက်ခွာခင် အဲဒီဆက်ဆံရေး ဆုံးရှုံးရခြင်းအတွက် ၀မ်းနည်းကြေကွဲရမယ်ဆိုရင်တောင် စိတ်ကိုလွှတ်ပြီး ကြေကွဲလိုက်ပါ။

Credit : TrendMyanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top