iMyanmarHouse.com - Best Property Website for Myanmar
×










သင့်ရဲ့နေ့စဉ်ဘ၀တွေကို ပိုမိုလွယ်ကူပျော်ရွှင်စွာ ဖြတ်သန်းချင်တယ်ဆိုရင် သင့်ရဲ့အကျင့်စရိုက် တစ်ချို့ကို ပြောင်းလဲပစ်မှ ရပါလိမ့်မယ်။ တစ်ချို့သောအရာ၊ အကျင့်တစ်ချို့ဟာ သင်ကိုယ်တိုင်မနိုင်မနင်း ထမ်းပိုးထားရတဲ့ ၀န်ထုပ်ဝန်ပိုးတွေနဲ့ တူပါတယ်။ ဒါတွေကို လွှတ်ချခဲ့ပြီး ကိုယ်လျှောက်ရမယ့် ခရီးလမ်းကို ပေါ့ပေါးပါးပါး ဖြတ်သန်းကြည့်ရအောင်။

၁။စိတ်ရှိတိုင်း ၀ယ်ခြမ်းတတ်တဲ့ သင့်အကျင့်ကိုပြင်ပါ။

ရှော့ပင်ထွက်ရတာ ၀ါသနာပါသူတွေအဖို့တော့ အပတ်တိုင်း ရှော့ပင်းစင်တာတွေသွားပြီး မလိုတာတွေကို ဈေးကြီးပေး ၀ယ်နေမိဦးမှာပါ။ ၀ယ်နေတဲ့အချိန်က မသိပေမယ့် ၀ယ်ပြီးအိမ်ပြန်ရောက်ချိန်မှာတော့ သင့်ရဲ့သုံးဖြုန်းချင်တဲ့ အကျင့်ကြောင့် သင်ကြေကွဲရပါလိမ့်မယ်။ တစ်လတစ်လ သင်သုံးလိုက်တဲ့ ငွေပမာဏကို ပြန်တွက်ကြည့်မယ်ဆိုရင် ပိုလို့တောင် ခံစားရဦးမှာပါ။ ဒါ့ကြောင့် အသုံးအဖြုန်းစရိတ်ကို လျော့ချပါ။

၂။သင်တစ်နေ့နေ့ လုပ်ဆောင်မယ်ဆိုပြီး တွေးထားတဲ့အရာတွေကို ခုချက်ချင်းလုပ်ဆောင်ပါ။

နေ့စဉ်အလုပ်တွေနဲ့ အချိန်တွေမအားမလပ် ဖြစ်နေရတာမို့ ငါတစ်နေ့တော့ အလုပ်ကနေ ခွင့်ယူပြီး ခရီးထွက်ပစ်လိုက်မယ်ဆိုပြီး တွေးထားပါလိမ့်မယ်။ အဲ့ဒီလို တွေးထားတာမျိုးရှိရင် အဆင်ပြေမယ့်၊ အကောင်းဆုံးဖြစ်မယ့်အချိန် ဆိုပြီး ထပ်စောင့်မနေပါနဲ့တော့။ ကိုယ်လုပ်ချင်တဲ့အရာတွေအတွက် အကောင်းဆုံးအချိန်ကို မျှော်လင့်စောင့်စားနေခြင်းဟာ ဘာအကျိုးထူးမှ မရရှိနိုင်ပါဘူး။ ချက်ချင်းလက်ငင်းကောက်လုပ်လိုက်ခြင်းကသာ သင့်အတွက် ပျော်ရွှင်မှုတွေ ယူဆောင်လာပေးမှာပါ။

၃။ဆိုရှယ်မီဒီယာတွေကို အချိန်ရှိတိုင်း သုံးတတ်တဲ့အကျင့်ကို လျှော့ချလိုက်ပါ။

Facebook၊ Twitter၊ Instagram စတာတွေကို အချိန်ရှိတိုင်း သုံးနေပြီး အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ထားတာမျိုး မလုပ်ပါနဲ့။ ဒါဟာ သင့်ဘ၀ကို မကျေနပ်ချက်တွေနဲ့ချည်း ကုန်ဆုံးစေပါလိမ့်မယ်။ တကယ့်လက်တွေ့ဘ၀မှာ ကိုယ့်အတွက်ကိုယ် ဘာတွေပိုမိုကြိုးစားလုပ်ဆောင်သင့်သလဲဆိုတာ တွေးပါ။ လုပ်ဆောင်ပါ။

၎။အတိတ်ကိုပဲ စိတ်ရောက်မနေပါနဲ့။

လက်ရှိဘ၀ထက် အတိတ်ကိုသာ ပိုအာရုံရောက်နေမယ်။ လွမ်းဆွတ်တမ်းတနေမယ်ဆိုရင် သင်ဖြစ်ချင်တာ၊ လုပ်ချင်တာတွေကို အာရုံစူးစိုက်လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် အတိတ်က အချစ်ရေး၊ အလုပ်၊ တခြားလူမှုရေးစတာတွေကို နှောင်တွယ်တမ်းတမနေပဲ လုပ်စရာရှိတာတွေကိုသာ သေချာလုပ်ဆောင်ပါ။

၅။အကောင်းတကာ့အကောင်းဆုံးတွေကို လိုချင်စိတ်တွေ လျှော့ချပါ။

နောက်ဆုံးပေါ် ဖုန်း၊ Laptop ၊ ကား၊ လက်ကိုင်အိတ် စတာတွေကိုသာ အာရုံထားနေရင် သင့်မှာရှိပြီးသားအရာတွေ၊ အချိန်တွေ အလကားဖြစ်သွားပါလိမ့်မယ်။ တင်းတိမ်ရောင့်ရဲတတ်ခြင်းဟာ သင့်ကို ပျော်ရွှင်စေနိုင်ပါတယ်။

၆။အဆိပ်သင့်နေတဲ့ ဆက်ဆံရေးတွေကို အဆုံးသတ်လိုက်ပါ။

သူငယ်ချင်းတွေကြားမှာပဲဖြစ်ဖြစ်၊ အချစ်ရေးမှာပဲဖြစ်ဖြစ် သင်တွဲနေတဲ့လူတွေဟာ သင့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ယူဆောင်လာတယ်လို့ သင့်ဘက်က သေချာနေရင် သူတို့ကို ထားပစ်ခဲ့ဖို့ ၀န်မလေးပါနဲ့။

Credit :TrendMyanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top