ဆားဝက်ခြံတွေကို ဘယ်လိုဖယ်ရှားမလဲ..
လူတိုင်းလိုလို မျက်နှာမှာ ဆားဝက်ခြံတွေ ရှိနေတတ်ကြပါတယ်။။ နှာခေါင်း၊ မေးစေ့နဲ့ နဖူးတွေမှာ အဆိုးဆုံးဖြစ်ပါတယ်။ နှာခေါင်းမှာ ရှိတဲ့ လူအချို့က ပေါင်ဒါလိမ်း ဖုံးဖိဖို့ ကြိုးစားကြပါတယ်။ တကယ်တော့ အဲဒါ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ပါဘူး။
ရိုးရိုးလေးနဲ့ အတော်ထိရောက်တဲ့ နည်းတစ်ခုရှိပါတယ်။ အရင်ဦးဆုံး မှဲ့ခြောက်တွေ ချွေးပေါက်ထဲ ပိတ်မသွားအောင် အ ပေါ်ယံအရေပြား ခြောက်ခြောက်လေးတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ မှဲ့ခြောက်ပေါက်တဲ့နေရာတွေကို အဓိက ထားလုပ်ပေးပါ။ မျက်နှာကို စိုစွတ်စေတဲ့ ခရင်မ်အမျိုးအစား တစ်ခုခု လိမ်းပြီး ပုဝါလေးနဲ့ ၅ မိနစ် ကနေ ၁၀ မိနစ်ခန့် ပွတ်ပေးပါ။ ပြီးသွားရင် မျက်နှာသစ်ဖို့ကိုလဲ
မမိပါနဲ့။
ဇလုံကြီး တစ်ခုထဲ ရေနွေးထည့်ပြီး မျက်နှာကိုရေနွေးငွေ့ရိုက်ပါ။ ပိုပြီး ထိရောက်မှုရှိအောင် အဝတ်စသန့်သန့်လေး တစ်ခုနဲ့ ခေါင်းကိုစည်းထားပေးနိုင်တယ်။ ၁၀ မိနစ်ခန့်ကြာရင် မှဲ့ခြောက်တွေ ပွင့်ထွက်လာပါလိမ့်မယ်။
လိုအပ်တဲ့ ပစ္စည်းများ
· မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း (၄) ဇွန်း
· သတ္တုဓာတ်ပြည့်နေတဲ့ရေ ဖန်ခွက် (၁) ခွက်
၎င်းတို့ နှစ်ခုကို ပျော့တွဲတွဲ အနေအထားရတဲ့အထိ မွှေပါ။အဲဒီရောစပ်လို့ ရလာတဲ့ ခရင်မ်လေးနဲ့ မျက်နှာ
ကို လိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးရင် မျက်နှာသစ်ပါ။ အဲ့သလိုလိမ်းပေးတဲ့အခါ မျက်စိတစ်ဝိုက်ကို အထူးသတိထားလိမ်းပေးဖို့လိုပါတယ်။အကျိုးသက်ရောက်မှုကိုချက်ချင်းလက်ငင်း မြင်တွေ့ရမှာဖြစ်ပါ
တယ်။ နောက်ဆုံး မျက်နှာကို ခြောက်အောင်သုတ်ပြီး အဆီဓာတ်များတဲ့ ခရင်မ်တစ်ခုခုလိမ်းပါ။
Credit : Trend Myanmar