ကိုယ်ပိုင်သံစဉ်သီးသန့် တစ်ကိုယ်တော်အခွေ စီစဉ်နေတဲ့ခင်စုစုနိုင်
အဆိုတော်ခင်စုစုနိုင်က ပထမတစ်ကိုယ်တော်အခွေတွင် ကော်ပီသီချင်းခြောက်ပုဒ်ပါဝင်ခဲ့ ၍ ဒုတိယမြောက်တစ်ကိုယ်တော်စီးရီးတွင် ကိုယ်ပိုင်သံစဉ်သီချင်းများကိုသာ အဓိက ထည့်သွင်းသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
‘‘အခွေအတွက်ကို ၁၂ ပုဒ် လောက်ချပြမယ်ဆိုရင်တောင် အခု လက်ထဲမှာ သီချင်းက ၁၈ ပုဒ်လောက်ရှိတယ်။ အဲဒီအထဲက မှပြန်ရွေးပြီး အခွေလေးနဲ့လည်း အဆင်ပြေကိုယ်လည်းအကြိုက် တွေ့ဆုံးဖြစ်မယ့် ၁၂ ပုဒ်လောက် ကိုထည့်မယ်။ အရှေ့အခွေမှာ ကော်ပီခြောက်ပုဒ်လောက်ပါ တယ်။ ဒီအခွေမှာတစ်ပုဒ်မှ မထည့်ဘူး။ အကုန်လုံး Own Tune (ကိုယ်ပိုင်သံစဉ်)တွေချည်း ပဲ’’ဟု ၎င်းကပြောသည်။
ထို့ပြင် သီချင်းများကို ခံစားမှုအပေါ်လိုက်၍ ကိုယ်ပိုင်သံစဉ်သီချင်းများဖြင့် ပရိသတ်ထံ ဒုတိယခြေလှမ်း ထပ်မံလျှောက်လှမ်းမည်ဖြစ်ကြောင်း ခင်စုစုနိုင်ကဆက်လက်ပြောသည်။
‘‘ကိုယ့်ရဲ့ခံစားမှုအပေါ်ကိုပဲ လိုက်တဲ့သီချင်းလေးတွေကြိုက် တော့ အခု ဒုတိယအခွေမှာ လည်း ပရိသတ်ရဲ့အားပေးမှု အတိုင်းအတာတစ်ခုထိရရှိနိုင် မယ့် သီချင်းတွေနဲ့ပြင်ဆင်နေပါ ပြီ။ အတီးပိုင်းက အားလုံးပြီးသွား ပြီ။ အခု အဆိုပိုင်းစနေပါပြီ။ အောက်တိုဘာလထဲမှာထွက်နိုင် အောင် ကြိုးစားနေပါတယ်’’ဟု ခင်စုစုနိုင်ကပြောသည်။
ယင်းအခွေတွင် ပေါ့ပ်နှင့် ကျေးလက်စတိုင်အများဆုံး ပါဝင်မည်ဖြစ်ပြီး သီချင်းခွေခေါင်းစီးအမည်မှာ ခံစားမှုအတိုင်းဖြစ် ပေါ်မည့် သီချင်းခေါင်းစဉ်နာမည်တစ်ခုဖြစ်နိုင်ကြောင်းဆိုသည်။
လက်ရှိတွင် ခင်စုစုနိုင်သည် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် တစ်ဖက်တစ်လမ်းမှ ဖျော်ဖြေရေးများဖြင့်ပါဝင်ကူညီ ပေးနေသည်။
Credit : 7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...