iMyanmarHouse.com - Best Property Website for Myanmar
×











မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လူမှု ၀န်းကျင်နှင့် ချိတ်ဆက် မပြတ်ဘဲ ဆက်ဆံရေးကောင်းသော အမျိုးသမီးများသည် သတ်သေနိုင်ခြေလည်း နည်းသွားကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုသည်။

အမေရိကန်နိုင်ငံ တစ်ဝန်း အမျိုးသမီးပေါင်း ခုနစ်သောင်းကို နှစ်ပေါင်း (၂၀) ကြာ လေ့လာထားမှုအရ လူမှုဝန်းကျင်နဲ့ အဆက်အသွယ် ပြတ်နေသော အမျိုးသမီးများသည် သတ်သေနိုင်ခြေ (၇၅) ရာခိုင်နှုန်းထိ ပိုများကြောင်း တွေ့ခဲ့ရသည်။

“အရေးတကြီး  ကိုင်တွယ်ရမယ့် ပြဿနာပါ”ဟု လေ့လာမှု စစ်တမ်းကို ဦးဆောင်ခဲ့သည့် ဘော်စတန်မြို့ရှိ မက်ဆာ ချူးဆက် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ ဒေါက်တာ အလက်ဇန္ဒား တာဆိုင်က ပြောသည်။

“အမေရိကမှာ အမျိုးသမီးတွေ သေဆုံးရတဲ့ ထိပ်ဆုံး အကြောင်းအရာ(၁၀) ခုထဲမှာ သတ်သေမှုလည်း ပါဝင်ပါတယ်။ အခုနောက်ပိုင်း သတ်သေမှု တွေကလည်း တက်သထက် တက်လာနေပါတယ်”ဟု ဒေါက်တာ အလက်ဇန္ဒားက ပြောသည်။

စစ်တမ်းအတွက် ၁၉၉၂ ခုနှစ်က စတင်ပြီး အသက် (၄၆)မှ (၇၁)ကြား အမျိုးသမီး(၇၂၆၀၇)ဦးကို ၂၀၁၀ ခုနှစ်ရောက်သည် အထိ စောင့်ကြည့် လေ့လာခဲ့သည်။ ထိုအမျိုးသမီးများ လူမှုဝန်းကျင်အတွင်း မည်မျှ ပူးပေါင်း ပါဝင်မှုရှိသည်ကို ပေါ်လွင်အောင် မေးခွန်းများ မေးမြန်း မှတ်တမ်းတင်သည်။ ဘာသာရေး၊ လူမှုရေးကိစ္စများတွင် မည်မျှ ပါဝင် ဆောင်ရွက်သည်ကိုလည်း မှတ်တမ်းတင် စောင့်ကြည့်သည်။ အဖြေများ ပေါ်မူတည်ပြီး ထိုအမျိုးသမီးများ၏ လူမှုဝန်းကျင်အပေါ် ကျေနပ်စိတ်ကို အဆင့် သတ်မှတ်သည်။ စိတ်ကျေနပ်မှု အရှိဆုံးဟု ဆိုသူက(၄၃)ရာခိုင်နှုန်း ရှိသည်။ လူမှုဝန်းကျင်အပေါ် စိတ်ကျေနပ်မှု အနည်းဆုံးဟု ဆိုသူက ရှစ်ရာခိုင်နှုန်းရှိသည်။

 စောင့်ကြည့်ကာလ (၁၈) နှစ်အတွင်း သတ်သေသူ (၄၃)ဦး ရှိသည်။ လူမှုဝန်းကျင် အပေါ် စိတ်ကျေနပ်မှု အရှိဆုံးဟု ဆိုသူ အမျိုးသမီးများသည် စိတ်ကျေနပ်မှု အနည်းဆုံးဟုဆိုသူ အမျိုးသမီးများနှင့် ယှဉ်လျှင် သတ်သေနိုင်ခြေ(၇၇) ရာခိုင်နှုန်းထိ နည်းပါးကြောင်း တွေ့ရသည်။ လေ့လာမှုစစ်တမ်းကို JAMA Psychiatry ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top