ဘေဘီရှန်ပူကို ရှန်ပူအပြင် အခြားအရာတွေအတွက်လည်း အသုံးပြုနိုင်
ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဘေဘီရှန်ပူဟာဆိုရင် ကလေးငယ်တွေ မျက်လုံးထဲဝင်တဲ့အခါ မျက်ရည်ကျတာမျိုး မဖြစ်ရအောင် sensitive ဖြစ်တဲ့ အသားအရေပိုင်ဆိုင်တဲ့ ကလေးတွေအတွက်တောင် သုံးနိုင်တာမျိုးပါ။ ရှန်ပူအပျော့စားလို့ ဆိုနိုင်ပါတယ်။ ကလေးငယ်တွေ ခေါင်းလျှော်ဖို့အတွက်သာမက အခြားသော ဘယ်လိုအရာမျိုးတွေမှာ ဘေဘီရှန်ပူကို သုံးနိုင်သလဲဆိုတော့
၁။သင့်ရဲ့မိတ်ကပ်ဘရက်ရှ်တွေ ၊ဘီးစတာတွေကို ဘေဘီရှန်ပူနဲ့ သန့်ရှင်းနိုင်ပါတယ်။
ရေနည်းနည်းနဲ့ ဘေဘီရှန်ပူ တစ်စက်ရောပြီး သင့်မိတ်ကပ်ဘရက်ရှ်တွေ၊ဘီးတွေကို သန့်ရှင်းရေးလုပ်လိုက်ပါ။ အသစ်အတိုင်း ဖြစ်သွားပါလိမ့်မယ်။
၂။သင့်ရဲ့ဖိနပ်တွေကို ပြန်တောက်ပြောင်စေပါလိမ့်မယ်။
ဘေဘီရှန်ပူကို သုံးပြီး လည်သာနဲ့ပြုလုပ်ထားတဲ့ ဖိနပ်တွေ အဆင်တန်ဆာတွေကို တောက်ပြောင်အောင် လုပ်ဆောင်နိုင်ပါတယ်။ အ၀တ်စတစ်ခုပေါ် ဘေဘီရှန်ပူတစ်စက်ချပြီး ကိုယ်သန့်ရှင်းစေချင်တဲ့ အရာပေါ် ဖြေးညှင်းစွာ ပွတ်ပေးရုံပါပဲ။
၃။သင့်ရဲ့ခွေးလေးတွေကိုလည်း သန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။
ဘေဘီရှန်ပူဟာ ရိုးရိုးရှန်ပူတွေထက် ပျော့တဲ့အတွက် သင့်အိမ်က ခွေးလေးတွေကို သန့်ရှင်းရေးလုပ်ပေးဖို့လည်း အဆင်ပြေပါတယ်။
၎။မျက်နှာပေါ်က မိတ်ကပ်တွေကိုလည်း ဖျက်နိုင်ပါတယ်။
ဘေဘီရှန်ပူဟာ မျက်စိထဲ ၀င်ရင်တောင် မျက်ရည်မကျနိုင်လောက်အောင် နူးညံ့စွာပြုလုပ်ဖန်တီးထားတာပါ။ ဒါ့ကြောင့် သင့်မျက်လုံးတစ်ဝိုက်က အိုင်းလိုင်နာ၊ မိတ်ကပ်တွေကိုလည်း အ၀တ်စ ဒါမှမဟုတ် ဂွမ်းစလေးတွေနဲ့ ရှန်ပူနဲ့ရေနွေးနွေးလေး ရောထားတဲ့ အရည်ထဲ နည်းနည်းနှစ်ပြီး သန့်စင်ပေးနိုင်ပါတယ်။
၅။အသားအရေနူးညံ့အောင်လည်း လုပ်ဆောင်နိုင်ပါတယ်။
အိပ်ယာမ၀င်ခင် ဘေဘီရှန်ပူနည်းနည်းကို သင့်ခြေထောက်၊ လက်စတဲ့နေရာတွေကို လိမ်းထားလိုက်ပြီး ခြေစွပ်၊ legging တွေဝတ်အိပ်လိုက်ပါ။ သင်နိုးလာတဲ့အခါ နူးညံ့တဲ့ အသားအရေပြောင်းလဲနေတာ တွေ့ရပါလိမ့်မယ်။
၆။လက်ဆေးဆပ်ပြာအဖြစ်လည်း သုံးနိုင်ပါတယ်။
အိမ်မှာ တစ်ခါတစ်လေ ဆပ်ပြာကုန်နေလို့ လက်ကိုဘာနဲ့ဆေးရမှန်းမသိဖြစ်နေရင် ကလေးအတွက် သုံးနေတဲ့ ဘေဘီရှန်ပူကို သုံးနိုင်ပါတယ်။
၇။ဆွယ်တာတွေကို အရင်လို ပုံမှန်ဆိုက်ဒ်ပြန်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
တစ်ခါတစ်လေ ကိုယ့်အကြိုက်ဆုံး ဆွယ်တာက မထင်မှတ်ပဲ ကျုံ့ပြီး သေးသွားတာမျိုး ကြုံဖူးတယ် မဟုတ်လား။ စိတ်မပူပါနဲ့။ ဘေဘီရှန်ပူက အရင်တုန်းကဆိုက်ဒ်အတိုင်း ပြန်ဖြစ်အောင် ကူညီပေးပါလိမ့်မယ်။ လုပ်ဆောင်ရမှာက
ရေနွေးနွေးလေးထဲ ဘေဘီရှန်ပူနည်းနည်းရောပြီး ဆွယ်တာကို ဒီအတိုင်းထည့်ထားလိုက်ပါ။ ဆယ်မိနစ်ကနေ ၁၅မိနစ်လောက်ထိထားပြီး ဒီရေတွေကို စုပ်ယူသွားပါစေ။ အဲ့ဒီနောက် ဆွယ်တာကို ပြန်ယူပြီး အရင်လိုပဲ လုပ်ဆောင်ပါ။ ဒီတစ်ခါတော့ ရှန်ပူမသုံးတော့ပါဘူး။ ရိုးရိုးရေကိုပဲ သုံးရမှာပါ။ အဲ့ဒီနောက်မှာ ဆွယ်တာကို မျက်နှာသုတ်ပုဝါပေါ်တင်ပြီး ခြောက်သွားပါစေ။ အဲ့ဒီနောက်မှာတော့ သင့်ဆွယ်တာ အရင်အတိုင်း ပြန်ဖြစ်တာ တွေ့ရပါလိမ့်မယ်။
၈၊အစွန်းအထင်းတွေကို ချွတ်ပေးပါတယ်။
သင့်ရဲ့အဖြူရောင်ရှပ်ပေါ်မှာ၊ ကော်လာပေါ်မှာ၊ ချိုင်းနေရာတွေမှာ အစွန်းအထင်းတွေ ဖြစ်နေပါသလား။ ဘေဘီရှန်ပူကို အဲ့ဒီရှပ်အကျိံရဲ့ စွန်းနေတဲ့နေရာတွေကို တစ်စက်ချင်းစီချပေးလိုက်ပြီး ရေမဆေးချခင် အစွန်းတွေစုပ်သွားအောင် မိနစ်၂၀လောက်ထားလိုက်ပါ။ အဲ့ဒီနောက်မှာတော့ အစွန်းတွေ ပျောက်သွားတာ တွေ့ရပါလိမ့်မယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...