အခင်အမင်မပျက် လမ်းခွဲလိုက်တဲ့ လီဆောင်းဂီနဲ့ ယွန်နာ
တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီဆောင်းဂီနှင့် Girls' Generation ကေပေါ့ပ် အဖွဲ့ဝင် ယွန်နာတို့ချစ်သူစုံတွဲ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း နှစ်ဖက်အေဂျင်စီများက သြဂုတ်၁၃ ရက်တွင် အတည်ပြုပြောကြား သည်။
‘‘လီဆောင်းဂီနဲ့ ယွန်နာတို့ သိပ်မကြာသေးခင်က လမ်းခွဲလိုက်တာပါ။ သူတို့နှစ်ယောက် အခင်အမင်မပျက်ရှိနေမှာပါ’’ဟု ယွန်နာ၏အေဂျင်စီနှင့် လီဆောင်းဂီ၏အေဂျင်စီတို့က Newsen သတင်းအားပြောသည်။
လီဆောင်းဂီနှင့်ယွန်နာတို့ချစ်နေကြောင်း၂၀၁၄ ဇန်နဝါရီ ၁ ရက်တွင် အတည်ပြုပေးခဲ့သည်။ တစ်နှစ်ကျော်ကြာ ချစ်ကြိုက်ခဲ့ပြီးနောက် အခင်အမင်မပျက် လမ်းခွဲလိုက်ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးလမ်းခွဲသည့် သတင်းများယခင်ကထွက်ပေါ်ခဲ့သော်လည်း ကောလာဟလသတင်းများဟုဆိုပြီးငြင်းဆိုခဲ့သည်။ ၎င်းတို့နှစ်ဦးသည် မအားလပ်သောအချိန်ဇယားများကြောင့် မကြာခဏ မတွေ့နိုင်ရာကလမ်းခွဲရသည့် အခြေအနေသို့ ရောက်လာခဲ့ သည်ဟု နီးစပ်သောသတင်းရင်းမြစ်များကပြောသည်။
ယွန်နာသည် Girls' Gener -ation အဖွဲ့၏ ပဉ္စမမြောက် အယ်လ်ဘမ်ပရိုမိုးရှင်းအတွက် ပြင်ဆင်နေပြီး လီဆောင်းဂီသည် လက်ရှိတွင် Marital Harmony ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးနှင့် အလုပ်များနေသည်ဟု သိရ သည်။
Credit: 7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...