အဆီများ ငါးစား၊ နှာခေါင်းရောဂါ ကင်းဝေး
အဆီများသော ငါးများကို စားသော ကလေးသည် နှာခေါင်းဆိုင်ရာ ရောဂါ ဖြစ်ပွားနိုင်ခြေ နည်းသွားကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
အသက် (၈) နှစ်ကစပြီး အဆီများသော ငါးများကို အစားများသော ကလေးများကို အသက် (၁၆) နှစ်ရောက်သည် အထိ စောင့်ကြည့် လေ့လာခဲ့သည်။ ဆော်လ်မွန်ကဲ့သို့ အဆီများသော ငါးများကို စားသော ကလေးများသည် အစားနည်းသော ကလေးများနှင့် ယှဉ်လျှင် နှာပိတ်၊ နှာရည်ယို၊ နှာစေးစသော နှာခေါင်းဆိုင်ရာ ရောဂါ ဖြစ်ပွားနှုန်း နည်းကြောင်း တွေ့ခဲ့ရသည်။
အဆီများသော ငါးများသည် နှာခေါင်း ကျန်းမာရေးကို ကောင်းမွန်စေသည် မှန်သော်လည်း ထိုတစ်ခုတည်းကြောင့် ကောင်းကျိုးဆောင်သည်ဟု ဆိုလိုခြင်းတော့ မဟုတ်ကြောင်း၊ အခြားသော နေမှုပုံစံ မှန်ကန်ခြင်း၊ အာဟာရ မျှတအောင် စားသုံးခြင်း တို့သည်လည်း လွှမ်းမိုးမှုရှိကြောင်း စစ်တမ်းတွင် ပူးပေါင်း ပါဝင်ထားသော အမေရိကန်နိုင်ငံ အိုဟိုင်းယိုး ပြည်နယ်ရှိ ကလိဗ်လန်းကလေး ဆေးရုံမှ ဒေါက်တာဒိုင်ယာနာ ဒီဖာဘီယိုက ပြောသည်။
ယခုစစ်တမ်းက အဓိက ထောက်ပြလိုသည်မှာ အခြားသော ကျန်းမာရေး အချက်အလက်များ တူညီသူချင်း ဖြစ်ပါက အဆီများသော ငါးများကို စားသုံးမှုများသော ကလေးများ နှာခေါင်းကျန်းမာရေး ပိုကောင်းသည်ဟု ဆိုလိုခြင်းသာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
Credit : messenger
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...