iMyanmarHouse.com - Best Property Website for Myanmar
×











ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ် ဘက်ခမ်းနှင့် ဖက်ရှင်ဒီဇိုင်နာ ဗစ် တိုးရီးယားဘက်ခမ်းတို့၏ သား ကြီးဘရွတ်ကလင်းဘက်ခမ်း သည် ရုပ်ရှင်လောကသို့ ဝင် ရောက်ရန် စိတ်အားထက်သန်နေ ကြောင်း သတင်းရင်းမြစ်တစ်ခုက Sunday Mirror သတင်းစာအား ပြောသည်။

အသက် (၁၆)နှစ်အရွယ် ဘရွတ်ကလင်းဘက်ခမ်းသည် အာဆင်နယ်ဘောလုံးလေ့ကျင့် ရေးအကယ်ဒမီတွင် တစ်နှစ်ကစား ရန် ပြီးခဲ့သည့်နှစ်က သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။

ဘရွတ်ကလင်းသည် မော် ဒယ်အေဂျင်စီ  တစ်ခုနှင့်လည်း မကြာသေးမီက စာချုပ်ချုပ်ဆိုခဲ့ သည်ဟု သတင်းရင်းမြစ်က ပြော ကြားသည်။

‘‘ဘရွတ်ကလင်းဟာ မော် ဒယ်အေဂျင်စီတစ်ခုနဲ့ သိပ်မကြာ သေးခင်က စာချုပ်ချုပ်ခဲ့ပါတယ်။ သူ့မှာ မော်ဒယ်လုပ်ဖို့စွမ်းရည် တွေအများကြီးရှိတယ်လို့ ယူဆရ ပါတယ်။ သူက အရမ်းကို ဓာတ် ပုံစားတယ်။ ဂုဏ်ရှိန်ကျော်စော ပြီး ငွေများများရတဲ့ အလုပ်တချို့ လုပ်ဖို့ကြည့်ကောင်းတဲ့ရုပ်သွင် ပိုင်ဆိုင်ထားတယ်။ အခုတော့ ဘရွတ်ကလင်းဟာ ဟောလိဝုဒ် ရုပ်ရှင်လောကထဲဝင်ဖို့ တိုက် တွန်းခံနေရတယ်။ ဘရွတ်ကလင်း အရမ်းစိတ်လှုပ်ရှားနေတယ်။ ဒါ ပေမဲ့ ရုပ်ရှင်အေဂျင်စီနဲ့ စာချုပ် ချုပ်တာမျိုးတော့ မရှိသေးပါ ဘူး’’ဟု အဆိုပါသတင်းရင်းမြစ် က Sunday Mirror သတင်းအား ပြောသည်။

ဘရွတ်ကလင်းဘက်ခမ်း သည် လက်ရှိတွင် အနာဂတ်ဘဝ လမ်းကြောင်း အဆုံးအဖြတ်ပေး မည့် ဗြိတိန် GCSE စာမေးပွဲရလဒ် ကို ရင်ခုန်စွာစောင့်မျှော်နေရ သည်ဟု Daily Mail သတင်းက ဖော်ပြသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top