iMyanmarHouse.com - Best Property Website for Myanmar
×









 ကလေးမွေးပြီးတဲ့ အခါမှာ မိခင်တွေဟာ ကိုယ်အလေးချိန် တိုးလာကြတယ်ဆိုတာကို လူတိုင်းသိထားပြီး ဖြစ်ပေမယ့်လည်း ဖခင်တွေပါ ကိုယ်အလေးချိန်တိုးလာလိမ့်မယ်လို့တော့ ဘယ်သူမှ ထင်ကြမှာမဟုတ်ပါဘူး။

ဖခင် ဘ၀ ဟာ သင့်ကို ၀ လာစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ကျွမ်းကျင်သူတွေဟာ အမျိုးသား အယောက် ၁၀၀၀၀ ကို သူတို့ရဲ့ ဆယ်ကျော်သက် နဲ့ ၂၀ ကျော်ကာလတွေကနေ အသက် ၃၀ ကျော်ကာလ တွေအထိ ဆယ်စုနှစ် ၂ ခု ကြာလေ့လာခဲ့ကြပါတယ်။

ဖခင်ဖြစ်လာသူတွေဟာ သူတို့ရဲ့ ပထမဆုံး ကလေးမွေးပြီး မကြာခင်နှစ်အနည်းငယ် အတွင်းမှာပဲ ကိုယ်အလေးချိန်တွေ တိုးလာတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ကလေးမရှိသူ အမျိုးသားတွေကတော့ နှိုင်းယှဉ်ကြည့်လိုက်ရင်တော့ ကလေးမရှိတဲ့ အမျိုးသားတွေဟာ ကိုယ်အလေးချိန် လျော့ကျနေတာကိုလည်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

သုတေသီတွေဟာ အဲဒီလို ကိုယ်အလေးချိန်တိုးလာခြင်းဟာ နှလုံးရောဂါ ၊ ဆီးချို သွေးချို နဲ့ ကင်ဆာရောဂါ တွေကိုပါဖြစ်စေနိုင်တယ်ဆိုတာကိုထောက်ပြခဲ့ကြပေမယ့်လည်း ဘာကြောင့် ဖခင်ဖြစ်လာသူတွေ ကိုယ်အလေးချိန်တိုးရတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ မတွေ့ရှိခဲ့ကြပါဘူး။ ဒါပေမယ့်လည်း ဒေါက်တာ Garfield ကတော့ လူနေမှု ပုံစံ ပြောင်းလဲသွားခြင်းဟာ အဓိက အစိတ်အပိုင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖခင်ဖြစ်လာသူတွေဟာ မိသားစု နဲ့ ပတ်သက်ပြီး တာဝန်ရှိလာတဲ့အတွက် လေ့ကျင့်ခန်းလုပ်ချိန်မရတော့ပဲ မိသားစုကို ဦးစားပေးနေရတာကြောင့်လည်း ကိုယ်အလေးချိန်တိုးလာတာဖြစ်ပြီး အစားအသောက်စားသုံးတဲ့ အမူအကျင့်တွေကလည်း ကိုယ်အလေးချိန်တိုးလာစေတယ်လို့ ဆိုပါတယ်။ ကလေးတွေဟာ ရေခဲမုန့် ၊ ကွတ်ကီး စတဲ့ အစားအစာ တွေကို ကြိုက်နှစ်သက်ကြတဲ့အတွက် ဖခင်တွေကလည်း ကလေးတွေနဲ့ အတူစားသုံးရပြန်ပါတယ်။ ဒါဟာလည်း ကိုယ်အလေးချိန် တိုးလာစေတဲ့အဓိက အချက် တစ်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။

သုတေသီအဖွဲ့ဟာ အမေရိကန် အမျိုးသား ၁၀၂၅၃ ယောက်ကို မွေးကင်းစ အရွယ်ကတည်းက နဲ့ အသက် ၃၀ ၀န်းကျင်ထိ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ အဲဒီအခါမှာ ဖခင်ဖြစ်လာသူတွေဟာ ၄.၄ ပေါင် (၂.၆ ရာခိုင်နှုန်း)စီ ကိုယ်အလေးချိန်တိုးလာတာကိုတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကလေးမရှိသူတွေကတော့ ဖခင်ဖြစ်လာသူတွေနဲ့ တူညီတဲ့ အသက်အရွယ်မှာ ကိုယ်အလေးချိန် ၁.၄ ပေါင် လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top