iMyanmarHouse.com - Best Property Website for Myanmar
×












“ဘာလုပ်စရာမှ မရှိပါဘူးကွာ၊ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပါဘူးကွာ” ဆိုတဲ့ စကားတွေဟာ အရှုံးစကားတွေပဲ ဖြစ်ပါတယ်။ဘ၀မှာ ဘာမှမလုပ်ရသေးတာ အကြောင်းမဟုတ်ပေမယ့် အရှုံးစကား ပြောတတ်ခြင်းကတော့ အန္တရာယ်ကြီးပါတယ်။ တနည်း
အရှုံးစိတ်ကို မွေးမြူနေခြင်းပါပဲ။ ဘ၀ခရီးတစ်လျှောက်မှာ ၀န်ထုပ်ဝန်ပိုးကြီးလည်း ဖြစ်စေပါတယ်။

မိမိဘ၀မှာ လက်တွေ့ မလုပ်နိုင်ရင်သေးတောင် စိတ်ကူးနဲ့ တော့ အဏ္ဏ၀ါကိုဖြတ်ပြီး ရွက်လွှင့်နိုင်ရမယ်၊ ဝေဟင်ကိုတက်ပြီးပျံသန်းပစ်ရမယ်၊ မြေပြင်ကနေ ကမ္ဘာတစ်ပတ် ပြေးပစ်လိုက်ရမယ်။ ဒီအတွေးတွေဟာ အောင်မြင်မှုအတွက်တော့ အရင်းအနှီးတွေပဲ ဖြစ်ပါတယ်။ အပေါင်းလက္ခာဆောင်တဲ့ အိမ်မက်မျိုးလို့ လည်း ဆိုနိုင်ပါတယ်။ အိမ်မက်မက်တတ်တာဟာ ဘာမှမလုပ်တာထက်စာရင်
နည်းလမ်းတော့ ရနိုင်ပါတယ်။

အလုပ်မလုပ်ခင်ကတည်းက အားယုတ်နေတာကတော့ သိပ်ညံ့ဖျင်းရာ ကျပါတယ်။ မိမိမှာ ရှိတဲ့ အားတွေကို အသုံးမချရင် သိပ်နှမြောဖို့ ကောင်းပါတယ်။ လူမှာ ခွန်အားက တန်ဖိုးကြီးတယ်။ တန်ဖိုးကြီးတဲ့ ခွန်အားကို တန်ဖိုးရှိအောင် အသုံးမချနိုင်ဘူးဆိုရင်အလကား ဖြစ်သွားမှာပါ။

အရာရာကို ဆန္ဒကဦးဆောင်တဲ့ အတွက် လိုက်ပါလုပ်ဆောင်ရတဲ့ ကာယ၊ ဥာဏ၊ ၀ီရိယ၊ ပညာ တွေဟာ သူ့ နေရာနဲ့ သူ တာဝန်ယူရတယ်။ ဒီလို ဟန်ချက်ညီညီဖြစ်နေမှ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို ပြီးမြောက်နိုင်မှာပေါ့။ အရှုံးစိတ်မွေး၊ အရှုံးစကားပြောနေမှတော့ ဆန္ဒဆိုတာ ဘယ်ရှိလာမှာလဲ၊ ဒီတော့ လုပ်နိုင်စွမ်းအားလည်း ဘယ်ရှိပါတော့မလဲ။

အောင်စိတ်ကို လက်ကိုင်ထားတဲ့သူတွေဟာ ဘ၀မှာ စွမ်းတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ က အမြင့်ပျံလိုတဲ့စိတ်မျိုးရှိတာကြောင့်စိတ်ကူးနဲ့ တင် ပြုံးနိုင်သူတွေပါ။ အပြုံးဆိုတာ ခွန်းအားအဖြစ် ပြောင်းလဲသွားတာကြောင့် ပြုံးရတာကို အလိုလိုနှစ်သက်လာလိမ့်
မယ်။ အောင်မြင်မှုရှိမှ ကျေနပ်စရာကောင်းမယ်၊ ပြုံးနိုင်မှာဖြစ်လို့  အောင်မြင်အောင် သူတို့ လက်တွေ့ ကြိုးစားကြလိမ့်မယ်။

ဒီတော့ ဘ၀ကို အရှုံးစိတ်နဲ့ ဖြတ်သန်းမလား၊ အောင်စိတ်နဲ့ ဖြတ်သန်းမလားဆိုတာ ဆုံးဖြတ်ပေါ့။ တန်ဖိုးရှိတဲ့ လူ့ ဘ၀ကို မိမိက ဘယ်လို စိတ်မျိုးနဲ့  နေချင်သလဲဆိုတာ စဉ်းစားပေါ့။ သေချာတာကတော့ နောက်တစ်ကြိမ်ဆိုတာ မသေချာဘူးဆိုတာပဲ။
ဒီကနေ့ ၊ဒီအခြေအနေ၊ဒီအချိန်ကသာမနက်ဖန်ထက်အများကြီးကောင်းတယ်ဆိုတာ တွေးထားဖို့ လိုပါတယ်။

Credit : True Man

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top