iMyanmarHouse.com - Best Property Website for Myanmar
×










ဖွံ့ဖြိုးဆဲကလေးငယ်တွေမှာ ဗီတာမင်ဓာတ်တွေ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ ဗီတာမင်အေနဲ့စီကို ကလေးတွေ အပြည့်အဝမရရှိကြပါဘူး။ ဗီတာမင်ဒီကို အစားအစာတစ်မျိုးတည်းက ရရှိဖို့မလွယ်ပါဘူး။ ခြောက်လမှ ငါးနှစ်အတွင်း ကလေးငယ်တွေမှာ ဗီတာမင်အေ၊ စီနဲ့ ဒီပါဝင်တဲ့ဖြည့်စွက်စာတွေ လိုအပ် ကြောင်းကျန်းမာရေးဌာနက အကြံပြုထားပါတယ်။

ဆေးကောင်တာတွေမှာ ဝယ်ယူလို့ရတဲ့ ဖြည့်စွက်အစာတွေမှာ အခြားဗီတာမင်ဓာတ်တွေလည်း ပါဝင် ပါတယ်။ ဆေးဝါးပညာရှင်တွေကို ကလေးငယ်နဲ့ အသင့်တော်ဆုံး ဖြည့်စွက်စာတွေ ညွှန်းပေးဖို့ပြောဆို ရပါမယ်။ သဘောအားဖြင့် ဗီတာမင်ဒီဟာ ငါးဥအမျိုးမျိုးနဲ့ အဆီကြွယ်ဝတဲ့စတဲ့ အစားအစာအနည်း ငယ်မှသာ တွေ့ရပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်မှလည်း ရရှိနိုင်ပါတယ်။

သို့သော်လည်း ကလေးငယ်တွေကို ပူတဲ့ရာသီနေရောက်ခြည်ထဲမှာ အကြာကြီးမထားသင့်ပါဘူး။ က လေးငယ်တွေရဲ့ အရေပြားအနီရောင်မပြောင်းခင် သို့မဟုတ်နေမလောင်ခင်အထိပဲ နေရောင်ခြည် ဓာတ်ကို ရစေသင့်ပါတယ်။

ဗီတာမင်အေကလည်း ကလေးငယ်တွေအတွက် အရေးကြီးပါတယ်။ အချို့က အလုံအလောက်မရကြ ပါဘူး။ ဗီတာမင်အေက ခုခံအားစနစ်ကို အားကောင်းစေပါတယ်။ ကလေးတွေရဲ့ အမြင်အာရုံတို့ကို သန်စွမ်းစေတဲ့အပြင် ကျန်းမာတဲ့အသားအရေကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဗီတာမင်အေပါဝင်တဲ့ ပစ္စည်းတွေကတော့ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ အဆီဓာတ်ကြွယ်ဝတဲ့အရာတွေ၊ ကန်စွန်းဥ၊ သရက်သီး၊ မုန်လာဥနီ၊ အစိမ်းရင့်ရောင်အသီးအရွက်တွေပဲ ဖြစ်ပါတယ်။

ကလေးတွေအတွက် အခြားလိုအပ်တဲ့ ဗီတာမင်ကတော့ ဗီတာမင်စီဖြစ်ပါတယ်။ ခန္ဓာကိုယ်က သံ ဓာတ်ကို စုပ်ယူတဲ့နေရာမှာ ဗီတာမင်စီက အကူအညီပေးပါတယ်။ ဗီတာမင်စီရနိုင်တဲ့ အသီးအနှံတွေ ကတော့ လိမ္မော်သီး၊ ကီဝီသီး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်နဲ့ ပန်းဂေါ်ဖီစိမ်းတို့ပဲ ဖြစ်ပါတယ်။

ကလေးငယ်တွေကို ကျန်းကျန်းမာမာနဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေရရှိပြီး ကြီးထွားဖွံ့ဖြိုးစေဖို့ဟာ အလွန်ပဲ အရေးကြီးပါတယ်။ ဗီတာမင်ဓာတ်တွေ များလွန်းရင်လည်း ကလေးတွေအတွက် အန္တရာယ် ဖြစ်စေပါတယ်။

Credit  :မြန်မာ့အလင်းသတင်းစာ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top