iMyanmarHouse.com - Best Property Website for Myanmar
×













တစ်ချို့မိန်းကလေးတွေဟာ….
ဥာဏ်ကောင်းမလိုနဲ့ ၊ တုံးအကြပါတယ်။
အပြင်ပန်းကကြည့်ရင်တော့ စိတ်ဓါတ်ကြံ့ခိုင်တယ်ထင်ရပေမဲ့ ၊ အတွင်းစိတ်က ပျော့ပျောင်းအားငယ်တတ်ကြပါတယ်။
အပြင်ပန်းကကြည့်ရင်တော့ အရမ်းကိုပျော်ရွှင်သွက်လက်နေတယ် ထင်ရပေမဲ့၊ အတွင်းစိတ်မှာတော့ ၀မ်းနည်းခြင်းတွေကြောင့် မှောင်မိုက်နေတတ်ပါတယ်။
နားလည်ရလွယ်မလိုနဲ့ ၊ အင်မတန်မှ နားလည်ရခက်တဲ့ မိန်းကလေးတွေပါ။

ကိုယ့်ကိုယ်ကို နှိပ်စက်တာအတော်ဆုံးကလည်း မိန်းကလေးတွပါပဲ။
ကိုယ့်ကိုမချစ်မှန်းသိပေမဲ့လည်း ၊ ဒဏ်ရာရမယ်မှန်းသိနေရက်နဲ့လည်း ကျိတ်မှိတ်ပြီး မျက်စိစုံမှိတ် ဆက်တိုးတက်ကြပါတယ်။
ကိုယ့်ကို တကယ်ချစ်တဲ့သူကိုကျပြန်တော့လည်း ပူပန်ခြင်းပေါင်းမြောက်များစွာနဲ့ ကိုယ့်ကိုယ်ကို လောင်ကျွမ်းစေလိုက်ပါသေးတယ်။
ကိုယ်ကတကယ်ချစ်တဲ့သူကိုကျတော့ ရင်အနာခံပြီး ပြောသင့်တာကိုမပြောပဲ ရင်ထဲမှာကျိတ်ထားပြီး ဟန်ဆောင်ကာ တင်းခံနေတတ်ကြပါသေးတယ်။

တစ်ခါတစ်လေကျပြန်တော့လည်း သူမဟာ အရမ်းပါးနပ်နေပါလိမ့်မယ်။
အပြင်ပန်းမှာ ရီရီမောမော ပေါ့ပေါ့ပါးပါးနေပြီး မသိသလို နားမလည်သလို နေနေပေမဲ့ ၊ သူမဟာ စိတ်ထဲမှာတော့ လုပ်သင့်တဲ့အရာတွေကို အပြုံးမပျက်ပဲ စဉ်းစားတွက်ချက်နေပါလိမ့်မယ်။
ပြင်ပန်းကြည့်တော့ သွေးအေးတယ်ထင်ရပေမဲ့ ၊ တခြားပါးစပ်ကနေတာ တဖွဖွချစ်ခင်ပြတဲ့သူတွေထက် ပိုပြီး လက်တွေ့ကျကျချစ်တတ်ကြပါတယ်။
ကိုယ့်ကိုစိတ်မပူဘူးထင်ရပေမဲ့ အရေးကြောင်းကျရင် ကိုယ့်ကိုကိုယ်ထိလက်ရောက် ကူညီဖို့ ထိပ်ဆုံးကရောက်လာတာကလည်း သူမပဲဖြစ်နေတတ်ပါတယ်။ ကိုယ်တစ်ခုခုဖြစ်ရင် ထိပ်ဆုံးက စိတ်မကောင်းဖြစ်မှာကလည်း သူမပဲ ဖြစ်နေတတ်ပါတယ်။

ကျန်တဲ့အချိန်တော်တော်များများမှာလည်း သူမဟာ ပါးစပ်ကနေ ထုတ်ဖေါ်မပြောပေမဲ့လည်း ၊ အဖြစ်သည်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတတ်ပါတယ်။
သူမဟာ ဘာမှမဖြစ်ချင်ယောင်ဆောင်နေပေမဲ့ ၊ အထီးကျန်ဆန်ချင် ဆန်နေပါလိမ့်မယ်။
တစ်ယောက်တည်း အတွေးများပြီး ကျိတ်ခံစားချင်လည်း ခံစားနေရပါလိမ့်မယ်။
ဒါကြောင့် သူမကိုတကယ်ချစ်တယ် ဂရုစိုက်တယ်ဆိုရင် ကိုယ်ဘာကြောင့် ကတိပျက်ကွက်ခဲ့ရတာကအစ သူမရဲ့စိတ်ထဲမှာ အစိုင်အခဲမဖြစ်ခင်ချိန်မှာ ကြိုတင်ရှင်းပြ ပြောပြထားသင့်ပါတယ်။
တစ်ချို့မိန်းကလေးတွေလို ပြဿနာရှာချင်မှာ ရှာပါလိမ့်မယ်။ သူမစိတ်ထဲမှာ သူမကိုအရေးမစိုက်တော့တာလား ၊ သူချစ်တဲ့သူ ဘာများဖြစ်နေမလဲလို့ တွေးပူရှင်း စိတ်မကောင်းဖြစ်နေတတ်ပါတယ်။

သူမကို အေးစက်လွန်းတဲ့ သွေးအေးသတ္တ၀ါလို မထင်ပါနဲ့။
အေးစက်ခြင်းဟာ သူမရဲ့စိတ်ခံစားချက်တွေနဲ့ သင့်ကိုမပူလောင်စေချင်လို့ ကျိတ်ထားရင်း ဖြစ်ပေါ်လာတဲ့ အအေးဓါတ်တွေပါ။
တစ်ခါတစ်လေ သူမရဲ့မကျေနပ်ချက်တွေကို သင့်ကိုဖွင့်ပြောပြီး စိတ်မဆင်းရဲခြင်းကြောင့် စကားလုံးတော်တော်များများဟာ စာရွက်ပေါ်မှာပဲ ချရေးရင်ဖွင့်မိတတ်ပါတယ်။

သူမဟာ မပြတ်မသားနဲ့ တွေဝေတတ်တဲ့ မိန်းကလေးလို့ ထင်ရတတ်ပါတယ်။
ရှေ့ဆက်ရမလား၊ ရပ်တန့်ရမလား ၊ လက်လွှတ်လိုက်ရမလား၊ ဆက်တင်းခံရမလားဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ပျာယာခတ်နေတတ်ပါတယ်။
တကယ်တော့ သူမဟာ တွေဝေနေတာထက် သူမရင်အနာခံ ရင်အကွဲခံပြီး သူချစ်ရတဲ့သူကို လက်မလွှတ်ချင်လို့ ဗျာများနေလို့ ဖြစ်ရတာများပါတယ်။

တစ်ခါတစ်လေ သူမဟာ သိပ်စွာတယ် သိပ်ဆိုးတယ်လို့ ထင်ရတတ်ပါတယ်။
တကယ်တော့ ပင်ကိုယ်အခံစိတ်ဓါတ် မကောင်းတာထက် အနိုင်ကျင့်ခံရတာတွေ များလာတဲ့အခါ တစ်ပါးသူကြောက်အောင် အဟန့်အဖြစ်ထုတ်ပြထားတဲ့ ဆူးတွေလိုပါပဲ ဟန်ပြလုပ်ပြရတာတွေ ရှိပါတယ်။

မိန်းကလေးတွေရဲ့ စိတ်ဟာ ခန့်မှန်းရသိပ်ခက်ပါတယ်။ နားလည်မှုတွေနဲ့ သေချာဖတ်တတ်ရင် အရမ်းကိုရိုးရှင်းနေတာကိုလည်း တွေ့ရပါလိမ့်မယ်။
ဒါတွေကို နားလည်သဘောပေါက်သွားတဲ့အခါ အကောင်းဆုံးလက်တွဲဖေါ် မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်သွားရတတ်ပါတယ်။

Credit : မနုဿ ရဲ့ စာမျက်နှာလေးများ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top