စီအီးအို မျိုးဗီဇပါသည့် ကလေးများ ဆိုးသွမ်းတတ်ဟုဆို
ဆိုးသွမ်းသော ကျောင်းနေအရွယ် ကလေးငယ်များတွင် စီအီးအို မျိုးဗီဇ ပါတတ်ပြီး ၎င်းတို့သည် ကြီးပြင်းလာချိန်တွင် ကုမ္ပဏီကြီးများကို ဦးဆောင် တည်ထောင်သူများ ဖြစ်လာတတ်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
ကလေးငယ်များရှိ သာမန် စည်းကမ်း ချိုးဖောက်မှုနှင့် ဆက်စပ်သော မျိုးဗီဇမျိုးကို အောင်မြင်လွန်းသော စီးအီးအို များတွင်လည်း တွေ့ရှိခဲ့မှုကြောင့် ယင်းစီအီးအိုမျိုး ဗီဇပါသော ကလေးများကြီးလျှင် အောင်မြင်နိုင်ခြေ ရှိသည်ဟု ပညာရှင်များက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ကန်းဆက်တက္ကသိုလ်မှ စိတ်ပညာရှင်များသည် လူကြီး (၁၃၀၀၀) တို့၏ကျန်းမာရေးဆိုင်ရာ ကိုယ်ရေး အချက်အလက်များကို လေ့လာခဲ့ရာ ၎င်းတို့အနက် အောင်မြင်သူများသည် ဦးနှောက်သို့ ဒိုဖာမင်းဓာတ်ကို ပို့ဆောင်ပေးသည့် DAT1 ခေါ်မျိုးဗီဇပုံစံ တစ်မျိုး၏ သက်ရောက်မှုကို များစွာခံခဲ့ရသူများ ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။
DAT1 ၏ သြဇာ သက်ရောက်ခံရသည့် ကလေးငယ်များသည် ကျောင်းပြေးခြင်းကဲ့သို့ သာမန် စည်းကမ်းချိုးဖောက်သော ပြစ်မှုမျိုးကို ကျူးလွန်လေ့ရှိကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။ ထိုနည်းတူပင် အက်ပဲကဲ့ ကုမ္ပဏီ၏ အကြီးအကဲ တင်မ်ကွတ်ခ်ကဲ့သို့ လူကြီးများတွင်လည်း ယင်းကဲ့သို့ မျိုးဗီဇမျိုးကိုလည်း တွေ့ရှိခဲ့ရာ DAT1 သည် နယ်ပယ်များကိုဖြတ်ကျော်ပြီး ရွာလွန် ရွက်တိုက်လိုမှုနှင့် ဆက်စပ်နေကြောင်း ဆုံးဖြတ်ခဲ့သည်။
ကလေးငယ်ဘ၀တွင် သာမန်စည်းမျဉ်းမျိုးကို ချိုးဖောက်တတ်ခြင်းနှင့် ကြီးပြင်းသည့်အခါတွင် တစ်မူထူးခြားသော ကုမ္ပဏီများကို တည်ထောင် တတ်ခြင်းတို့ကြား ဆက်စပ်နေကြောင်း စိတ်ပညာသိပ္ပံ တွဲဖက်ပါမောက္ခ ၀င်တုန်လီက ပြောဆိုခဲ့သည်။
သို့သော် ယင်းမျိုးဗီဇကြောင့်ပင် ရှေ့နောက် မညီလုပ်ဆောင်တတ်မှု၊ အတ္တကြီးမှုများကို လည်းဖြစ်စေတတ်ကြောင်း ၎င်းက သတိပေးသည်။ ယင်းမျိုးဗီဇရှိပါက ကောင်းတာလည်း ဖြစ်နိုင်သလို၊ ဆိုးတာလည်း ဖြစ်နိုင်ကြောင်း၊ အားပေးတတ်သော မိဘနှင့် လုပ်ဖော်ကိုင်ဖက်များ ရှိပါက ခေါင်းဆောင် ဖြစ်လာနိုင်ခြေ များကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
Credit : messenger
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...