စိတ်ဖိစီးတာကို ခံစားရလေ့ရှိတဲ့သူတွေဟာ ဒါအချက် (၈)ချက်ကြောင့် အ၀လွန်မှုပြသနာကိုပါ ရင်ဆိုင်ကြရတာ
နှလုံးခုန်မြန်ခြင်း၊ ဗိုက်အောင့်ခြင်း နဲ့ ချွေးထွက်လွန်ခြင်းတွေဟာ သိပ်ပြီး ဆိုးဝါးတဲ့ အခြေအနေ မဟုတ်ပေမဲ့ စိတ်ဖိစီးမှုကြောင့်တော့ အံ့သြစရာကောင်းအောင် အလေးချိန်တက်စေနိုင်ပါတယ်။ ဒီတော့ သင်ဘာပဲလုပ်လုပ် အလေးချိန်တက်စေတဲ့ ဒီလုပ်ဆောင်ချက်အမှားတွေကို ရှောင်ကြဉ်ပါ။
စိုးရိမ်ပူပန်ခြင်း
စိတ်ညစ်စရာအကြောင်း တစ်စုံတစ်ရာ စဉ်းစားပါက (hunger hormone) လို့ခေါ်တဲ့ ghrelin ပမာဏ များပြားလာမှုကြောင့် အစာပိုစားမြိန်ပါတယ်။ ဖြစ်ခဲ့တဲ့ အကြောင်းအရာ သို့မဟုတ် ရှေ့မှာဖြစ်လာမယ့်အရာကို စိုးရိမ်နေရမယ့်အစား လက်ရှိလုပ်နေတဲ့အရာကိုသာ အာရုံစူးစိုက်ပါ။
အစာစားဖို့မိနေခြင်း
လုပ်စရာ တစ်ပုံကြီးရှိနေရင် အစာစားဖို့ အချိန်မရှိဘူးလို့ ကျွန်ုပ်အားလုံး တွေးထင်တတ်ကြတယ်။ ဒါပေမဲ့ အစာတစ်နပ်စားဖို့ မေ့သွားခြင်းဟာ အစာချေဖျက်မှုနှေးကွေးစေသလို နောက်ပိုင်းမှာတော့ ခံနိုင်ရည်အားလည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ ပိုပြီးဆိုးဝါးစေတာက သိကြားအချိုဓာတ်လျော့နည်းတဲ့ သွေးပမာဏကြောင့် အလုပ်လုပ်ရာမှာ ပိုပြီးခက်ခဲသလိုဖြစ်စေပြီး စိတ်ဖိစီးမှုလည်း ပိုများလာပါလိမ့်မယ်။
စိတ်ပါလက်ပါနဲ့ အစာစားခြင်း
တနေကုန် ဘာမှ မစားရသေးဘူးလို့ သတိရတဲ့အချိန်မှာ ပီဇာအတုံးကြီးကြီးတစ်ခုကို တစ်ချိန်တည်း စားလိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သွားရေစာ၊ နေ့လည်စာ နဲ့ ညနေစာအတွက် ထမင်းကြော်စားလိုက်တာပဲဖြစ်စေ စိတ်ပါလက်ပါနဲ့ အစာစားတာဟာ စိတ်လှုပ်ရှားမှုပိုဖြစ်စေပါတယ်။
အိပ်ချိန် အနည်းငယ်သာယူခြင်း
နောက်တစ်နေ့ စိတ်ဖိစီးမှုပြဿနာကင်းရှင်းစေဖို့ အိပ်ချိန် အလုံအလောက် လိုအပ်တဲ့အပြင် အိပ်စက်ခြင်းဟာ အစားချေဖျက်မှုလုပ်ငန်းကိုလည်း ကောင်းမွန်စွာဆောင်ရွက်စေတာကြောင့် ခန္ဓာကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှာ အဆီဓာတ်တွေ အလွန်အကျွံဖြစ်ပေါ်ခြင်းကလေည်း ကာကွယ်ပေးပါတယ်။
အလောတကြီးဆုံးဖြတ်ချက်ပြုလုပ်ခြင်း
အရူးအမူးဖြစ်နေတဲ့အချိန် ဈေးဝယ်မထွက်ပါနဲ့။ စိတ်ကို တခြားသောအရာတွေနဲ့ လွမ်းမိုးချုပ်ချယ်ထားတာကြောင့် စိတ်ဖိစီးမှုက သင့်ကိုဆုံးဖြတ်ချက် အမှားမှားအယွင်းယွင်းတွေဖြစ်စေပါလိမ့်မယ် လို့ Harvard သုတေသနပြုချက်အရ သိရတယ်။ ခရီးတစ်ခုခု ထွက်မယ်ဆိုပါက လိုအပ်တာတွေ အကုန်လုံး စာရင်းပြုမှတ်သားထားပါ။ ဒီလိုဆိုရင် စိတ်ကူးပေါက်ရာတွေ လျှောက်ဝယ်တာ ပိုပြီးလျော့နည်းသွားမှာဖြစ်တယ်။
ကဖီးဓာတ်အလွန်ကျွံသောက်သုံးခြင်း
မနားမနေ အလုပ်ကြိုးစားလုပ်ရတဲ့အချိန်မှာ ကော်ဖီကို သောက်မိပြီးသားဖြစ်နိုင်ပေမဲ့ အားဖြည့်ပေးဖို့ ကော်ဖီကိုပဲ အားကိုးတာဟာ တစ်နည်းထက်မက အကျိုးယုတ်စေနိုင်တယ်။ ကော်ဖီကို တစ်နေ့ ၅၊ ၆ ခွက်ထက် ပိုသောက်တာ အလေးချိန်နဲ့ ဆီးချိုပြဿနာတွေ များပြားလာစေတယ်။ ထို့အပြင် သိကြားနဲ့ ခရမ်အဆီအနှစ်ပါတဲ့ ကော်ဖီဖြစ်ပါက အရေသောက်တစ်မျိုးမှာတင် သင့်ရဲ့ နေ့စဉ်ကယ်လိုရီးစားသုံးမှုကို အလွယ်တကူတိုးစေနိုင်တယ်။
လေ့ကျင့်ခန်းမလုပ်ခြင်း
အချိန်မပေးနိုင်ဘူးဆိုတာ သိပါတယ်။ သို့ပေမဲ့ အချိန်ရအောင်ယူခြင်းက စိတ်ဖိစီးမှုကို လျော့နည်းသက်သာစေပါလိမ့်မယ်။ အတင်းအကြပ် လုပ်ရတဲ့ လေ့ကျင့်ခန်းတောင် စိုးရိမ်သောကနဲ့ စိတ်ဖိစီးမှု ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ချွေးထွက်ခြင်းက စိတ်ဖိစီးမှုကြားမှာ သင့်အလေးချိန် တသမတ်တည်းရှိစေဖို့ လိုအပ်တဲ့ ကယ်လိုရီကို ညှိယူပေးနိုင်တယ်။
စိတ်ဖိစီးမှုလျော့အောင် မလုပ်ခြင်း
စိတ်ဖိစီးမှုကို လျစ်လျုရှူထားတာ သို့မဟုတ် ဘေးဖယ်ထုတ်ဖို့ကြိုးစားလိုက်ရုံနဲ့ စိတ်ဖိစီးမှုကင်းဝေးသွားမှာ မဟုတ်ပါဘူး။ တကယ်တော့ အထိရောက်ဆုံး အစာစားသုံးမှု ပုံစံမျိုးစုံ လေ့လာသိထားတာထက် စိတ်ဖိစီးမှု လျော့ကျအောင် ထိန်းချုပ်ခြင်းက ပိုအရေးကြီးပါတယ်။
Credit : trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...