iMyanmarHouse.com - Best Property Website for Myanmar
×











ဦးနှောက်အကျိတ်ဟုလည်းခေါ်သော ကင်ဆာတစ်သျှူးကြီးတစ်ခုက ဦးနှောက်လုပ်ဆောင်ချက်ကို အနှောင့်အယှက်ပေးသောအခါ ဦးနှောက်ကင်ဆာရောဂါဖြစ်ပေါ်လာသည်။

ဦးနှောက်ကင်ဆာရောဂါသည် ဖြစ်ပွားမှုနည်းပါးသော်လည်း တစ်နှစ်လျှင် ဦးနှောက်ကင်ဆာရောဂါဖြစ်ပွားသူ ၂၂,၀၀၀ ခန့်ရှိပြီး၎င်းတို့အနက် ၁၃,၀၀၀ ခန့် သေဆုံးရလေ့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဖော်ပြချက်အရ သိရသည်။

အဖြစ်အများဆုံး ဦးနှောက်ကင်ဆာအမျိုးအစားမှာ ခန္ဓာကိုယ် ၏ အခြားအစိတ်အပိုင်းမှ ကင်ဆာဆဲလ်များ ဦးနှောက်သို့ ပျံ့နှံ့ရောက်ရှိသွားခြင်းကဲ့သို့ တစ်ဆင့်ခံ ဦးနှောက်ကင်ဆာရောဂါဖြစ်သည်။ ဒုတိယအဖြစ်အများဆုံး ဦးနှောက်ကင်ဆာရောဂါမှာ ဦးနှောက်ထဲမှာပင် စတင်ဖြစ်ပေါ်သော ကင်ဆာရောဂါဖြစ်သည်။

ဦးနှောက်ထဲတွင် စတင်ဖြစ်ပေါ်သော ကင်ဆာရောဂါရှင်များ အနေဖြင့် ခွဲစိတ်ကုသမှု၊ ဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုတို့နှင့်အတူ ၁၀ လမှ ၁၂ လအထိ အသက်ရှင်နိုင်သည်။ တစ်ဆင့်ခံဖြစ်ပွားသော ဦးနှောက်ကင်ဆာရောဂါရှင်များ၏အသက်ရှင်နှုန်းမှာ မူလဖြစ်ပွားသော ကင်ဆာအမျိုးအစားနှင့် အခြေအနေပေါ် မူတည် ပြောင်းလဲနိုင်သည်။

ဦးနှောက်ကင်ဆာရောဂါ၏ ကြုံတွေ့ရမှုအများဆုံး ရောဂါ လက္ခဏာများမှာ ခေါင်းကိုက်သည့်ဒဏ်ကို ပို၍ ပို၍ ပြင်းထန်စွာ ခံစားလာရခြင်း၊ လေဖြတ်ခြင်း၊ စကားပြောရာတွင် ပြဿနာများရှိခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊ အမြင်အာရုံအခက်အခဲရှိခြင်း၊ အပြုအမူပြောင်းလဲခြင်း၊ ခြေလက်တို့အားနည်းခြင်းကဲသို့ ဗဟိုအာရုံကြော စနစ် ချွတ်ယွင်းခြင်း စသည်တို့ဖြစ်သည်။

ကုသပုံနည်းလမ်းမှာ ကင်ဆာရောဂါအမျိုးအစားပေါ် မူတည် သည်။ ဦးနှောက်ထဲတွင် စတင်ဖြစ်ပွားသော ကင်ဆာရောဂါအတွက် ပထမဆုံးခွဲစိတ်ကုသပြီး ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဓာတုကုထုံးဖြင့် ကုသခြင်းတို့ပြုလုပ်ရလေ့ရှိသည်။ တစ်ဆင့်ခံဖြစ်ပွားသော ဦး နှောက်ကင်ဆာရောဂါအတွက် ခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှု၊ ဓာတုကုထုံးဖြင့် ကုသမှုနှင့် Gamma ခွဲစိတ်မှု စသောနည်း လမ်းများကို အကျိတ်အရွယ်အစားနှင့် အရေအတွက်ပေါ် မူတည်၍ ရွေးချယ်ကုသပေးလေ့ရှိသည်။

အသက်(၂၀)အောက် လူငယ်များတွင်လည်း ဦးနှောက်ကင် ဆာဖြစ်နိုင်သည်။ အသက်(၅-၁၀)နှစ်အရွယ်များတွင် ဖြစ်ပေါ်လေ့ရှိသော အကျိတ်များမှာ ပုံမှန်အားဖြင့် ကင်ဆာအကျိတ်ဖြစ်လေ့ ရှိသည်။

ရေဒီယိုသတ္တိကြွမှုနှင့်ထိတွေ့ခြင်းမှာ ဦးနှောက်ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်းဖြစ်သည်ဟု ယူဆရသည်။

ဦးနှောက်အကျိတ်အမျိုးမျိုးရှိပြီး အကျိတ်များတစ်ခုနှင့်တစ်ခု တူညီလေ့မရှိဘဲ ဦးနှောက်အကျိတ်များအားလုံးမှာလည်း ကင်ဆာ အကျိတ်များ မဟုတ်နိုင်ပေ။

မိသားစုတွင် ဦးနှောက်ကင်ဆာဖြစ်ဖူးသည့် ရာဇဝင်ရှိသူများ အဓိကသတိထားသင့်သည်။ ခေါင်းကိုက်ခြင်းမှာ ဦးနှောက်ကင်ဆာ ၏အထင်ရှားဆုံး ရောဂါလက္ခဏာတစ်ခုဖြစ်သော်လည်း ခေါင်းကိုက်ခြင်းပြင်းထန်လာပြီး မကြာမကြာ နံနက်စောစော ခေါင်းကိုက်ခြင်း သည် ဦးနှောက်ကင်ဆာ၏ လက္ခဏာတစ်ခုဖြစ်သည်။

အကယ်၍ ဦးနှောက်ထဲ စတင်ဖြစ်ပွားသော ကင်ဆာဖြစ်ပါက ကိုယ်အင်္ဂါအလှူခံ၍ ရနိုင်သော်လည်း တစ်ဆင့်ခံဖြစ်ပွားသော ဦး နှောက်ကင်ဆာအတွက်မူ ကိုယ်အင်္ဂါအလှူခံ၍ မရနိုင်ပါ။ 

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top