iMyanmarHouse.com - Best Property Website for Myanmar
×











မနေ့က ကျနော်တို့အဖွဲ့တွေ တည်းခိုခန်း စားသောက်ဆိုင် စတိုးဆိုင် လမ်းဘေးဆိုင်ကအစ ကြော်ငြာmarketing လုပ်ဖြစ်ပါတယ် အလုပ်လုပ်ရင်းနဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ကျနော်တို့တွေ ထိုင်ဖြစ်ရင်း ကောင်မလေးတွေအကြောင်း အတင်းတုတ်ဖြစ်ခဲ့တာပေါ့ အဲအချိန်မှာ ကျနော့်ရင်ထဲ ပြောစရာစကားလုံးတွေ့လာပါတယ်

တည်းခိုခန်းအ၀င်မှာ ထွက်လာတဲ့ စုံတွဲတစ်တွဲကို အကြောင်းပြုပြီး စကားဝိုင်းစဖြစ်ခဲ့တာပါ ကောင်မလေးတွေက ခုနောက်ပိုင်း သိက္ခာမရှိတော့ဘူးပေါ့ မြန်မာပြည်ဟာ ဒီမိုကရေစီနဲ့မတန်ဘူးပေါ့ လွပ်ပေးလိုက်ရင် ဘော်လီမပါပဲနဲ့တောင် ကောင်မလေးတွေ လမ်းလျှောက်လောက်တယ်တဲ့

ရည်းစားဖြစ်ပြီဆိုတာနဲ့ ဘာညာဘာညာ ဖြစ်နေတော့ အပျိုစစ်ကမရှိတော့ဘူးတဲ့ ကောင်မလေးတွေက အထင်ကြီးစရာမရှိတော့ဘူးတဲ့ ခုခောတ်ကောင်မလေးတွေက အညာလွယ်တယ်တဲ့ အဲစကားသံတွေနဲ့ ပတ်သက်လို အနည်းငယ် ပြောပြချင်တယ်

ကောင်ကလေးတွေကရော ကောင်မလေးတွေကို တန်ဖိုးထားဖူးရဲ့လား တန်ဖိုးဆိုတာ ထိန်းသိမ်းလိုသူရဲ့ စိတ်နှလုံးသားပေါ်မူတည်ပြီး အဲနာမ်တစ်ခုက မြင့်တက်လာတာပါ ရွှေဆိုတာ စားမရဘူး ဒါပေမယ့် လူတွေက တန်ဖိုးထားနေတယ် ဒီတော့သူက သုံးစားမရလဲ တန်ဖိုးက မြင့်နေတာပဲ

ကောင်မလေးတွေကိုလဲ ကျနော်တို့တွေကသာ တန်ဖိုးထားရင် မိန်းမပျက် ဖြစ်ဖူးခဲ့ရင်တောင် သူ့တန်ဖိုးဟာ မြင့်နေတာပါပဲ အွန်လိုင်းမှာ မြန်မာမိန်းကလေးတစ်ယောက် ဖော်ချွတ် sexy လေးဖြစ်ကြည့်လိုက် ဆဲဆို အပြစ်တင်မဆုံးပါဘူး ဒါပေမယ့် အဲဒါကိုပဲ ကိုယ်တွေက အရသာခံ ကြည့်နေတာမဟုတ်လား

နောက် ရည်းစားထားလို့ လက်ကလေးမကိုင်ရ ပုခုံးလေးမဖက်ရ နောက်ဆုံး ပန်းခြံတွေမှာ ချိန်းတွေ့လို့ kiss ကလေးမှ ပေးမရရင် ကောင်ကလေးတွေက ကောင်မလေးအပေါ် ဖီလ်းမလာတော့ပဲ နောက်တစ်ယောက်တွဲချင်လာတယ် ဒါမှမဟုတ်လဲ မရရအောင် ကြိုးစားလာတယ်

ဒါပေမယ့် ကောင်မလေးတွေဘက်ကိုရော ပြန်ကြည့်ဖူးလား အချို့က ချစ်လွန်းတော့ စိတ်ငြိုငြင်မှာစိုးလို့ ခွင့်ပြုပေးလိုက်ကြတယ် အဲလို သူ့ရဲ့ ခွင့်ပြုချက်အပေါ်ကိုယ့်ဘက်ကရော နားလည်တန်ဖိုးထားတတ်ပါသလား

ပန်းတစ်ပွင့်ရဲ့တန်ဖိုးက ခူးသူနဲ့သာပိုဆိုင်ပါတယ် ကိုယ်ခူးတဲ့ပန်းကို ညိုးနွမ်းသည်ထိ ပန်ဆင်လိုက်ရင် ခြောက်သွေ့သည်ထိ သိမ်းထားတတ်ရင် တန်ဖိုးမဲ့ပန်းကလေးတွေ ကမ္ဘာပေါ်မှာ ပွင့်မလာတော့ပါဘူး

ခြံခုန်စရှိတဲ့နွားကထပ်ကျော်ချင်တယ်အစတစ်ခါရှိသွားရင် နောက်ထပ်ဆယ်ခါဝန်မလေးတော့ဘူးတဲ့
 မြန်မာစကားပုံရှိပါတယ် ကောင်မလေးတစ်ယောက်ဟာ ကောင်လေးတစ်ယောက်နဲ့ မှားခဲ့မယ် ဒါကို ကောင်ကလေးက မယူပဲထားသွားမယ် ကောင်မလေးဟာ နောက်တစ်ယောက်နဲ့ထပ်တွဲဖြစ်မယ် အဲအချိန်မှာ အသစ်ကောင်ကလေးကလဲ ဘ၀ကိုထပ်ယူတယ်ဆိုပါတော့ ကောင်မလေးက အစရှိနေတော့ လွယ်နေလောက်မှာပါ ဒီလိုဖြစ်ပါများရင် အဲကောင်မလေးဟာ ပျက်စီးလာပြီပဲ

ဒီလိုအခြေအနေမှာ ကောင်မလေးကို ၀ိုင်းပြီးအပြစ်တင်တတ်ကြတယ် အဖြေကို ပြန်ရှာလိုက်ရင် ကောင်ကလေးတွေ တန်ဖိုးမထား ဂရုမစိုက်တတ်ကြလို့ ဒီဘ၀ရောက်လာကြတာလေ မွေးလာကထဲက ဒီဘ၀ရောက်ဖို့ ဗီဇတော့ မပါလာလောက်ပါဘူး

ပြောချင်တာက ကောင်မလေးတွေကို အပြင်တင်နေဖို့ထက် ကိုယ်ကိုတိုင်က တန်ဖိုးထားတတ်ပါစေ အချစ်နယ် မတော်တဆ ကျွံသွားရင်လဲ တာဝန်ယူလိုက်ပါ ဒါဆိုတန်ဖိုးမဲ့မိန်းကလေးတွေ လမ်းဘေးမှာ တွေ့မလာရပါဘူး တန်ဖိုးထားသူမဲ့နေတဲ့ ပန်းကလေးတွေ နေရာတိုင်းမှာ ကြွေနေရတာ ကိုယ်ခြင်းစာ နားလည်ကြစမ်းပါ

ကောင်မလေးတွေကလဲ တန်ဖိုးထားလိုသူရှေ့မှာ တန်ဖိုးအမြင့်ဆုံး နေပေးလိုက်စမ်းပါ ကျနော်ရေးတဲ့စာသားတွေ ကောင်မလေးဘက်က ရေးပေးသလို ဖြစ်နေပါလိမ့်မယ် ဒါပေမယ့် မှားလားမှန်လား နှလုံးသားနဲ့ ကိုယ်တိုင် ပြန်ခံစားပေးပါ

တို့ပတ်ဝန်းကျင်မှာ ရောင်စုံပန်းကလေးတွေ ပွင့်နေပါတယ် ဒါပေမယ့် အဲပန်းကလေးတွေကို တို့တွေ တန်ဖိုးထားဂရုစိုက်မှာသာ သူတို့လေးတွေ လှပစွာ ပွင့်ဝေနိုင်မှာပါနှလုံးသားနဲ့ နားလည်ခံစားတတ်ပါစေ။

Credit : Nay Naychi Naychi

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top