အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီးအမ်မာဝက်ဆန်ဟာ ဟယ်ရီပေါ်တာဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပြီး UN ရဲ့စိတ်ထားကောင်းသံတမန်အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်ပါတယ်။ အမ်မာဝက်ဆန်ရဲ့ မိန်းကလေးတွေအတွက် အကောင်းဆုံးအကြံချက် ၁၃ ချက်ကတော့ အခုလို ဖြစ်ပါတယ်။
၁။ မိမိ၏ခန္ဓာကိုယ်ကို လက်ခံပါ။
မိန်းကလေးတွေအတွက် ကိုယ်ခန္ဓာကိုယ်အချိုးအစားကို လှပတယ်လို့ ခံစားနေမိဖို့ လိုပါတယ်။ ဒါဟာ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
၂။ အလုပ်အကိုင်မှာ လိင်ခွဲခြားမှုမရှိ
တွစ်တာအသုံးပြုသူတစ်ယောက်ရဲ့ဖခင်တစ်ယောက်က အမ်မာဝက်ဆန်ရဲ့အင်ဂျင်နီယာအလုပ်ကို ယောင်္ကျားတစ်ယောက်ရဲ့အလုပ်အကိုင်လို့ ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အမ်မာက ဘယ်လိုအလုပ်အကိုင် မျိုးမဆို မိန်းကလေးတွေဘက်က ရွေးချယ်ခွင့်ရှိတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
၃။ စံပြယောင်္ကျားအိမ်မက်
မိန်းကလေးတွေအတွက် စံပြယောင်္ကျားအိမ်မက်ဆိုတာ ရှိစမြဲဖြစ်ပါတယ်။ ဒါဟာ အပြစ်ပြောစရာမလိုတဲ့ အချက်ဖြစ်ပါတယ်။
၎။ ကိုယ်ပိုင်ဖြစ်မှု
ယောင်္ကျားနဲ့ မိန်းမဆိုတာကို ဆန့်ကျင်ဖက်သဘောသဘာဝရှိသူတွေလို့ မယူဆသင့်ပါဘူး။ တစ်ယောက်ကို အခြားတစ်ယောက်က အဓိပ္ပါယ်ဖွင့်ဆိုခြင်းဟာ တိုးတက်မှုကို ရပ်တန့်လိုက်တာပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဖြစ်တည်မှုကို အပြန်အလှန် လက်ခံခြင်းကသာ မှန်ကန်တဲ့လုပ်ရပ် ဖြစ်ပါတယ်။
၅။ ဒေါသကို လမ်းကြောင်းမှန်ပါစေ
အမျိုးသမီးတစ်ယောက်ကို ဂုဏ်သိက္ခာအရပဲဖြစ်ဖြစ်၊ တခြားနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ရှုံ့ချတိုက်ခိုက်လာခဲ့မယ် ဆိုရင် ဒေါသထွက်ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကို မနာလိုမုန်းထားသူတွေရဲ့သဘောအတိုင်း မဖြစ်အောင် ဒေါသကို စိတ်ဓာတ်ခွန်အားအဖြစ် ပြောင်းလဲဖို့ လိုအပ်ပါတယ်။
၆။ ခုချက်ချင်း စကားပြောပါ
စင်ပေါ်တက်ပြီး မိန့်ခွန်းပြောရတဲ့အခါ စိုးရိမ်စိတ်ဖြစ်မှာ သဘာဝပဲ ဖြစ်ပါတယ်။ အဲဒီအခါ ခုပြောမှာက ငါ မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ၊ ခုမပြောရင် ဘယ်တော့ ပြောမှာလဲဆိုပြီး ကိုယ်ကိုယ်ကိုယ် အားပေးရမှာ ဖြစ်ပါတယ်။
၇။ ကိုယ့်ဗီဇစိတ်အပေါ် ယုံကြည်ပါ
ဘယ်အလုပ်ကိုမဆို ကိုယ်စိတ်ခံစားချက်၊ ဗီဇစိတ်အတိုင်း လုပ်ကိုင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ မိန်းမ တစ်ယောက်အနေနဲ့ လူတိုင်းကို စိတ်ကျေနပ်စေမှာ မဟုတ်ဘူးဆိုတာကိုလည်း သိထားသင့်ပါတယ်။
၈။ အမှားကျူးလွန်မိမှာကို မစိုးရိမ်ပါနှင့်
ဘယ်သူကပဲ တခုခုနဲ့ ပက်သက်လို့ ဘယ်လောက်ကြီး ပြောလာနေနေ၊ ကိုယ်တိုင်စမ်းသပ်လုပ်ကိုင်သင့်ပါ တယ်။ တကယ်လို့ အမှားအယွင်းဖြစ်ခဲ့ရင်တောင် ဒီလိုအနေအထားကပဲ ကိုယ့်အတွက် သင်ခန်းစာကောင်းတွေ ရလာမှာ ဖြစ်ပါတယ်။
၉။ သင့်တန်ဖိုးကို ပြန်သိပါစေ
ကမ္ဘာပေါ်မှာ အမျိုးသားနဲ့ အမျိုးသမီးတွေအကြား လိင်အရ အဆင့်အတန်းခွဲခြားမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးတန်းတူအခွင့်အရေးအရ ယောင်္ကျားနဲ့မိန်းမကြားမှာ အခွင့်အရေးဆတူ ရှိနေပါတယ်။
၁၀။ သင်သည်သာ သင်၏ပန်းတိုင်
မိန်းမတစ်ယောက်ကို ဘယ်လိုလူစားမျိုးလို့ ဘယ်သူကမှ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကပဲ ကိုယ့်ရဲ့ပန်းတိုင် ဖြစ်ပါတယ်။
၁၁။ ကြောက်စိတ်ကို လက်ခံပြီး အနိုင်ယူပါ
ကြောက်ရွံ့စိတ်ဖြစ်မိတာကို မှားယွင်းတယ်လို့ မဆိုနိုင်ပါဘူး။ ဒါကို ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ ကြောက်ရွံ့စိတ် ကို ဖြတ်ကျော်ပြီးတာနဲ့ ယုံကြည်ချက်ဆိုတာကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။
၁၂။ အလှတရားဆိုတာ ရှင်သန်နေတဲ့ အရာ
အလှတရားဆိုတာ မြင်နေရတဲ့ အရာဖြစ်သလို အတွင်းမှာ ပုန်းကွယ်နေတဲ့ အရာလည်း ဖြစ်ပါတယ်။ ဘ၀မှာ ကျွန်မတို့ စိုက်ထူမယ့်မှတ်တိုင်တွေ၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ သာယာမှုအခိုက်အတန့်အားလုံးက အလှတရား တွေပဲ ဖြစ်ပါတယ်။ ဒီတော့ အလှတရားဆိုတာ တစ်ယောက်ချင်းစီရဲ့ရှင်သန်နေထိုင်မှု ဖြစ်ပါတယ်။
၁၃။ ရဲရဲရင်ဆိုင်ပါ
မိန်းကလေးတွေကို နုနယ်ပြီး အထိခိုက်မခံတဲ့ မင်းသမီးလေးတွေလို့ ပြောလေ့ရှိကြပါတယ်။ တကယ်တော့ မိန်းကလေးတွေဟာ ရဲရဲရင်ဆိုင်တတ်တဲ့ စစ်သည်တွေ၊ တိုက်ခိုက်ရေးသမားတွေပဲ ဖြစ်ပါတယ်။ မိန်းမ တစ်ယောက်က ခွန်အားရှိတာ၊ရဲရင့်တာ၊ လုပ်နိုင်စွမ်းတာတွေနဲ့ ပက်သက်လို့ သံသယ ရှိနေမယ်ဆိုရင် ကိုယ်ကိုယ်ကိုယ် ဒီလိုဖြစ်လာဖို့ ကိုယ်တိုင်ပဲ ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။
Credit: PlanetMyanmar
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အမ်မာဝက်ဆန်ပြောတဲ့ မိန်းကလေးတွေအတွက် အကြုံပြုချက် ၁၃ ချက်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။