အသည်းကွဲခြင်းက အသက်တကယ်သေစေနိုင်ကြောင်း လေ့လာတွေ့ ရှိ
Beth Israel Deaconess Medical Center က သုတေသနလေ့လာသူတွေဟာ ကိုယ် ချစ်မြတ်နိုးသူ တစ်ယောက်ကို ဆုံးရှုံးပြီး ပထမ ၂၄ နာရီအတွင်းမှာ လူတစ်ယောက်ရဲ့ နှလုံးဖောက်နိုင်ခြေဟာ ၂၁ ဆ ပိုများတယ်လို့ တွေ့ ရှိခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်တာအတွင်း သုတေသနပြုသူတွေဟာ နှလုံးဖောက်ရောဂါ ခံစားနေရတဲ့ လူနာ ၂၀၀၀ ကို တွေ့ ဆုံမေးမြန်ခဲ့ပြီး ဘာအဖြစ်အပျက်ကြောင့် ဒီလိုခံစားခဲ့ရတာလဲ ဆိုတာကို မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။ Circulation ဂျာနယ်မှာ ဖော်ပြထားတဲ့ ရလဒ်အရ ချစ်မြတ်နိုးသူတစ်ယောက် ကွယ်လွန်ပြီး တစ်ပတ်အတွင်းမှာ နှလုံးဖောက်နိုင်ခြေဟာ ပုံမှန်အခြေအနေထက် ရှစ်ဆ ပိုများတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေကို “ကွဲကြေနှလုံးဆင်ဒရုန်း” လို့ အမည်ပေးထားပြီး လေ့လာသူတွေဟာ ပရိဒေ၀မီးလောင်ကျွမ်းမှု နဲ့ အတူဖြစ်လာတဲ့ စိတ်ဓာတ်ကျတာ၊ ပူပန်သောကရောက်တာ နဲ့ ဒေါသထွက်တဲ့ ခံစားချက်တွေ နှလုံးဖောက်ပြန်မှု သက်ဆိုင်မလားဆိုတာ ဆက်စပ်လေ့လာလျက်ရှိပါတယ်။
“ ၀မ်းနည်းကြေကွဲနေတဲ့နှလုံးသားတစ်စုံရဲ့ စိတ်အာရုံခံစားမှုဟာ နှလုံးဖောက်ပြန်ခြင်း နဲ့  နှလုံးသား တကယ်ကွဲကြေခြင်းတို့ က ဦးတည်စေနိုင်ပါတယ်” လို့ အကြီးတန်း စာရေးဆရာ Murrray Mittleman က ဆိုခဲ့ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...