ဟောလိဝုဒ်သရုပ် ဆောင်မင်းသားဘန်အက်ဖလက် သည် ကွဲနေသောဇနီး ဂျနီဖာဂါနာ၊နှင့်
၎င်းတို့၏ကလေးသုံးဦးတို့နှင့် အတူ အသက် (၄၃)နှစ် ပြည့်မွေးနေ့ကို
ဖြတ်သန်းခဲ့သည်ဟု UsMagzine.com သတင်းက ဖော်ပြသည်။ ကွဲနေသောဘန်အက်
ဖလက်တို့စုံတွဲသည် သားသမီးသုံးဦးနှင့်အတူ ဖလော်ရီဒါပြည်နယ်
အော်လန်ဒိုမြို့၌ တွေ့ဆုံခဲ့ကြသည်။ သြဂုတ် ၁၅ ရက်တွင်ကျ ရောက်သော
ဘန်အက်ဖလက်၏ (၄၃)နှစ်ပြည့်မွေးနေ့၌ မိသားစုဝင်များတွေ့ဆုံစဉ်
ဘန်၏မိခင်ခရစ္စတင်းလည်း ပါဝင်ခဲ့သည်ဟု Us Magazine.com သတင်းကဖော်ပြသည်။
ဘန်အက်ဖလက်နှင့်
ဂျနီဖာ ဂါနာတို့စုံတွဲသည် ၁၀ နှစ်တာ အတူပေါင်းသင်းနေထိုင်ခဲ့ပြီး နောက်
ဇွန်လ ၃၀ ရက်တွင် လမ်းခွဲကြောင်း ကြေညာသည်။ ဘန်အက်ဖလက်သည် ၎င်းတို့အိမ်၌
ကလေးထိန်းလုပ်ဖူးသော ခရစ္စတင်းအူဇူနီယန်းနှင့် ဖောက် ပြန်ခဲ့သည်ဟူသည့်
စွပ်စွဲချက်များ ရင်ဆိုင်နေရသည်။ ယင်းစွပ်စွဲ မှုများအားလုံးကို ဘန်အက်
ဖလက်က အခြေအမြစ်မရှိသော ကောလာဟလသတင်းများဟု ငြင်းဆိုထားသည်။
Credit: 7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
(၄၃)နှစ်ပြည့်မွေးနေ့ကို မိသားစုနဲ့အတူ ဖြတ်သန်းတဲ့ ဘန်အက်ဖလက်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။