သွေးအားကောင်းစေမည့် သံဓာတ်ကြွယ်ဝစွာ ပါဝင်သော အစားအစာများ
သွေးအားနည်းခြင်း၊ ဆံပင်ကျွတ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့မှာ ခန္ဓာကိုယ်ထဲတွင် သံဓာတ်မလုံလောက်ခြင်း နှင့် ဆက်စပ်သည့် ကျန်းမာရေးပြဿနာများနှင့် ရောဂါလက္ခဏာ အချို့ ဖြစ်သည်။
သံဓာတ်ချို့တဲ့မှုကြောင့် ပြင်းထန်သော ကျန်းမာရေးပြဿနာ များဖြစ်လာနိုင်သဖြင့် သံဓာတ်ကြွယ်ဝသည့် အစားအစာများကို ဖော်ပြပေးလိုက်ပါသည်။
အသည်းများတွင် သံဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် သွေးအားကောင်းစေရန် ကြက်အသည်းများစားပါ။ အမဲအသည်းသည်အခြားအသည်းများထက် ကယ်လိုရီပါဝင်မှုနည်းပြီး ကိုလက်စထ ရောပါဝင်မှု နည်းကာ သံဓာတ်ပါဝင်မှု မြင့်မားသည်။
အဆီများသော ငါးများတွင် အိုမီဂါ-၃ ဖက်တီးအက်စစ်သာ မဟုတ်ဘဲ သံဓာတ်လည်း ကြွယ်ဝစွာ ပါဝင်သည်။ ဆာဒင်းငါး၊ မက် ကရယ်ငါး၊ ဆယ်လ်မွန်ငါးနှင့် ပင်လယ်စာများတွင် သံဓာတ်ကြွယ် ၀စွာ ပါဝင်သည်။
သွေးအားကောင်းစေရန် အနီရောင်အသားများ စားပေးသင့် သော်လည်း အဆီမပါသော အနီရောင်အသားဖြစ်ရန် လိုအပ်သည်။ အမဲသားတွင် သံဓာတ်ကြွယ်ဝစွာ ပါဝင်သော်လည်း အဆီ(သို့မ ဟုတ်) ဗိုက်သားမဟုတ်သော အသားဖြစ်ရန် လိုသည်။
ကြက်သားစားမည်ဆိုပါက ရင်အုံသား လတ်လတ်ဆတ်ဆတ် ကို စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် သံဓာတ်ဖြည့်တင်းနိုင်မည် ဖြစ်သည်။ ရိုးတွင်းခြင်ဆီ၊ အသည်းနှင့် ကြက်သား၊ အနီရောင်အ သားတို့မှာ သွေးအားကောင်းစေသည့် အကောင်းဆုံးအစားအစာ များဖြစ်သည်။
သံဓာတ်ပါဝင်သော ဆန်လုံးညိုကို သွေးအားကောင်းစေရန် စားပေးသင့်ပြီး ကိုယ်အလေးချိန်လျှော့ချရန်မှသည် ကိုလက်စထ ရောလျှော့ချရန်နှင့် အစာချေဖျက်မှုစနစ်အားကောင်းရန်အထိ စား ပေးသင့်သော အစားအစာဖြစ်သည်။
ဖရုံစေ့ ၁၀၀ ဂရမ်တွင် သံဓာတ် ၁၅ မီလီဂရမ်ပါဝင်ပြီး အိုမီဂါ-၃ ဖက်တီးအက်စစ်လည်း ပါဝင်ကာ ကိုလက်စထရောလျှော့ချရန် စားပေးသင့်သည်။
သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ကို အစာချေဖျက်မှု အားကောင်းစေရန်၊ ကိုယ်အလေးချိန် လျှော့ချရန်၊ ကိုလက်စထရော လျှော့ချရန် စားပေးသင့်သည်။
အနက်ရောင်ချောကလက်များတွင် သံဓာတ်ပါဝင်သော ကြောင့် ချောကလက်ကြိုက်ပါက အနက်ရောင်ချောကလက်ကို ရွေးစားပါ။
ထို့အပြင် ပဲနီလေး၊ သစ်သီးခြောက်များ၊ စတော်ဘယ်ရီသီး၊ အာလူး၊ ပန်းဂေါ်ဖီစိမ်း၊ တိုဟူး၊ ကနုကမာ၊ ဒေါက်ခွရွက်နှင့် ဆီးသီး ခြောက်တို့မှာလည်း ကျန်းမာရေးအတွက် စားပေးသင့်သော အစား အစာများဖြစ်ပြီး သံဓာတ်ဖြည့်တင်းပေးမည့်အစားအစာများဖြစ် သည်။
အထူးသဖြင့် အမျိုးသမီးများအနေဖြင့် ဓမ္မတာလာချိန်တွင် သွေးအားနည်းမှု ကြုံတွေ့ရနိုင်သဖြင့် အထက်ပါအစားအစာများကို ရွေးချယ်စားသောက်ပေးသင့်ကြောင်းကျန်းမာရေးနှင့် အာဟာရကျွမ်းကျင်ပညာရှင်များက တိုက်တွန်းထားသည်။
Credit : 7 Day Daily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...