စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်တဲ့ ဇေအင်မယ်လစ်နဲ့ ပယ်ရီအက်ဒဝပ်
ဗြိတိန်ယောက်ျားလေး အဆိုရှင်များအဖွဲ့ One Directionအဖွဲ့ဝင်ဟောင်း ဇေအင်မယ် လစ်နှင့် ဗြိတိန်မိန်းကလေးအဆို ရှင်များအဖွဲ့ Little Mix မှ အဖွဲ့ ဝင်ပယ်ရီအက်ဒဝပ်တို့စုံတွဲသည် စေ့စပ်ကြောင်းလမ်းမှုကို ဖျက် သိမ်းလိုက်သည်။
ဇေအင်မယ်လစ်သည် ချစ်သူ ပယ်ရီအက်ဒဝပ်အား ၎င်း တို့၏အချစ်ဇာတ်လမ်း အဆုံးသတ်ရန် လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်ခန့်က ပြောကြားခဲ့သည်ဟု သတင်းရင်းမြစ်များက Peopleသတင်းအားပြောသည်။ ပယ်ရီအက်ဒဝပ်သည် စေ့စပ်ကြောင်းလမ်းမှုဖျက်သိမ်းခြင်းကြောင့် စိတ်မကောင်းဖြစ်နေသည်ဟု သတင်းရင်းမြစ်များက ပြောသော်လည်း ‘‘ကျွန်မ အဆင်ပြေပါ တယ်’’ဟု ပယ်ရီအက်ဒဝပ်ကသြဂုတ် ၄ ရက်တွင်ပြုလုပ်သော E!News သတင်းနှင့် အင်တာဗျူး ၌ပြောကြားခဲ့သည်။
ဇေအင်မယ်လစ်တို့စုံတွဲ သည် ၂၀၁၃ သြဂုတ်တွင် စေ့စပ် ခဲ့ကြသူများဖြစ်သည်။ ၎င်းတို့ စုံတွဲ လမ်းခွဲသည့်သတင်းကို နှစ် ဖက်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များ က မည်သည့်မှတ်ချက်မျှမပေး သေးပေ။
ပြီးခဲ့သည့်မတ်လတွင် One Direction အဖွဲ့မှ နုတ်ထွက်ခဲ့ သော ဇေအင်မယ်လစ်သည် တစ် ကိုယ်တော်အနုပညာလှုပ်ရှားမှု များပြုလုပ်ရန် RCA Records အေ ဂျင်စီနှင့် ပြီးခဲ့သည့် ဇူလိုင်လကုန် က သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
Credit : 7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...