iMyanmarHouse.com - Best Property Website for Myanmar
×









အလုပ်ချိန် တစ်ပတ်ကို နာရီ (၄၀) ထက် ပိုများသော အမျိုးသမီးများ၊ အလေးအပင် မကြာမကြာမရသော အမျိုးသမီးများသည် ပုံမှန် အမျိုးသမီးများနှင့် ယှဉ်လျှင် ကိုယ်ဝန်ဆောင်ဖို့ ပိုခက်ခဲတတ်ကြောင်း အမေရိကန် လေ့လာမှုစစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။

သုတေသန ပညာရှင်များသည် ကလေးယူရန် ပြင်ဆင်နေသော အိမ်ထောင်ရှင် သူနာပြုဆရာမ (၁၇၃၉)  ဦးကို လေ့လာခဲ့သည်။ ထိုအထဲမှ (၁၆) ရာခိုင်နှုန်းသည် စစ်တမ်းစတင်ပြီး တစ်နှစ်အတွင်း ကိုယ်ဝန်မရကြသလို၊ (၅) ရာခိုင်နှုန်းသည် နှစ်နှစ်ကြာပြီးသည့်တိုင် ကိုယ်ဝန်မရကြကြောင်း တွေ့ခဲ့ရသည်။

တစ်ပတ်လျှင် အလုပ်ချိန် နာရီ (၄၀) ထက်ကျော်သော အမျိုးသမီးများသည် အလုပ်ချိန် (၂၁) နာရီမှ (၄၀) ကြားသာ ရှိသော အမျိုးသမီးများနှင့်ယှဉ်လျှင် ကိုယ်ဝန်ရဖို့ (၂၀) ရာခိုင်နှုန်းလောက် ရက်ပိုရှည် ကြာတတ်ကြကြောင်း တွေ့ရသည်။ (၂၅)ပေါင်ခန့် လေးသည့် အလေးချိန်မျိုးကို တစ်ရက်လေးငါးကြိမ်လောက် မရသူများသည်လည်း ထိုသို့မရသော အမျိုးသမီးများနှင့် ယှဉ်လျှင် ကိုယ်ဝန်ရဖို့ (၅၀) ရာခိုင်နှုန်းလောက် ရက်ပိုကြာတတ်ကြကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

လေ့လာသုတေသနကို ဘော်စတန်မြို့ ဟားဗတ်တီအိပ်ခ်ျချန်း ပြည်သူ့ ကျန်းမာရေးကျောင်းမှ သုတေသနပညာရှင် အော်ဒရေး ဂတ်စကင်နှင့်အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အလုပ်ချိန် ရှည်ကြာလွန်းခြင်း၊ အလုပ်ထဲမှာ အလေးအပင် မကြာမကြာ မရခြင်းများသည် ခန္ဓာကိုယ်တွင်း မျိုးအောင်မှုကို ဇီဝသဘောအရ မည်သို့ ထိခိုက်စေကြောင်း အသေးစိတ် သိရှိနိုင်အောင် လေ့လာမှုများ ဆက်လုပ်နေကြောင်း ဒေါက်တာ ဂတ်စကင်က ပြောသည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top