iMyanmarHouse.com - Best Property Website for Myanmar
×














‘နှင်းဆီနေ့သစ်’ဖျော်ဖြေ ပွဲအပါအဝင် ရေဘေးအလှူပွဲများ တွင် ပါဝင်ဖျော်ဖြေရန် အစီအစဉ် ရှိသောကြောင့် ယခုရက်ပိုင်း၌ မြန်မာအကနှင့် နိုင်ငံခြားအက နှစ်ခုစလုံးကို လေ့ကျင့်နေရ ကြောင်း သရုပ်ဆောင် ဝါဆိုမိုးဦး က ပြောသည်။

‘‘လောလောဆယ် နှင်းဆီ နေ့သစ်ပွဲအတွက် မြန်မာအက တိုက်နေသလို စက်တင်ဘာ ၆ ရက်မှာလုပ်မယ့် EDM (ရေဘေး အလှူရန်ပုံငွေပွဲ)မှာလည်း ပါဖောမန့်လုပ်ရမှာဆိုတော့ နိုင်ငံ ခြားအကလည်းတိုက်နေတယ်’’ ဟု ဝါဆိုမိုးဦးက ပြောသည်။

နှင်းဆီနေ့သစ်ဖျော်ဖြေပွဲ တွင် ပါဝင်ခဲ့ခြင်းမှာ နှင်းဆီအဖွဲ့ သားများနှင့် ရင်းနှီးသကဲ့သို့ ဆရာ ဖြစ်သူ ဒါရိုက်တာ ဦးမျိုးမင်းက လည်း ကမ်းလှမ်းခဲ့သောကြောင့် ပါဝင်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း က ဆိုသည်။

‘‘မင်းသမီးခြောက်ယောက် ဖြစ်တဲ့အတွက် တစ်ယောက်ကို တစ်ပုဒ်ပဲ ကရမယ်။ ဝါဆိုကတော့ ရှေ့ထွက်မင်းသမီး၊ အဖွင့်ဆို တော့ ‘နှင်းဆီနေ့သစ်’သီချင်းနဲ့ ထွက်မယ်’’ဟု နှင်းဆီနေ့သစ် အငြိမ့်တွင် ကပြမည့်အကြောင်း ကို ဝါဆိုမိုးဦးက ပြောသည်။

နှင်းဆီအဖွဲ့နှင့် အငြိမ့်ခန်း ကို လွန်ခဲ့သည့်သုံးနှစ်ခန့်က ပါဝင်ကပြဖူးပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်    ပါဝင်ခြင်းဖြစ် သည်ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၆ ရက်တွင် ပြုလုပ်မည့် ရေဘေးအလှူဖျော် ဖြေပွဲကို မျှော်စင်ကျွန်း၌ ပြုလုပ်မည်ဖြစ်ပြီး ၎င်းနှင့်အတူ အားတီ၊ ဝိုင်းစုခိုင်သိန်းနှင့် နီနီခင်ဇော်တို့ လည်း ပါဝင်မည်ဖြစ်သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် အမ်တီဗီများ ရိုက်ကူးဖြစ်ပြီး တစ်ကိုယ်တော်အ ခွေအတွက်လည်း အသံသွင်းဖြစ် ကြောင်း ဝါဆိုမိုးဦးက ပြောသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top