iMyanmarHouse.com - Best Property Website for Myanmar
×

မြင်းခွာရွက်ကို မြန်မာနိုင်ငံ နေရာဌာနတိုင်းတွင် နေ့စဉ်ရှာဖွေ တွေ့ရှိနိုင်သည်။ ရေတွင်းရေကန်များ အနီးတွင် အမြဲတမ်းလိုလို အလေ့ကျပေါက်သော အပင်ဖြစ်၏ မြင်းခွာရွက်ကို ရန်ကုန်တရုတ်တန်း၌ ဆေးခါးကြီးအရည်အဖြစ် ၀ယ်ယူသောက်သုံး နိုင်သည်။

 မြန်မာတို့ကတော့ မြင်းခွာရွက်ကို သာမန်တို့စရာ အဖြစ်လည်းကောင်း၊ အားဆေးအဖြစ် လည်းကောင်း သောက်သုံးကြသည်။ မြင်းခွာရွက်ကို ထောင်း၍ အလုံးပြုလုပ်ထားသော ဆေးလုံးများကိုလည်း ၀ယ်ယူရရှိနိုင်သည်။ မြင်းခွာရွက်ကို သိပ္ပံပညာရှင်များက အသက်ရှည်ဆေး အဖြစ် အသိအမှတ်ပြု ခဲ့ကြဖူးသည်။

ကျောက်ကပ်ရောဂါ အထူးကုသ ဆရာဝန်ကြီးတစ်ဦးကမူ မြင်းခွာရွက်သည် ဆီလမ်းဝ၌ ဝေဒနာရှိသော ပုဂ္ဂိုလ်များနှင့် အထူးသင့်လျော်သည်။ ဆီးလမ်းကြောင်း၌ ကျောက်တည်သည့် ဝေဒနာဖြစ်ပွားနေသော ဝေဒနာရှင်များ သောက်သုံးသင့်သည်ဟု အတွေ့အကြုံအရ အကြံပြုထား လေသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top