လက်ဖက်ရည်တစ်ခွက်မှာပါတဲ့ နို့ အနည်းငယ်က သွားကို ဖြူဖွေးစေနိုင်ပြီး သွားတိုက်ဆေးတွေထက် ပိုမိုကောင်းမွန်ကြောင်း တွေ့ ရှိ
လက်ဖက်ရည်ကောင်း တစ်ခွက်ဟာ နို့ လေးနည်းနည်းပေါက်လောက်မှ ပိုပြည့်စုံ သွားတယ်လို့ ဆိုပါတယ်။ လေ့လာတွေ့ ရှိမှု တစ်ခုအရ လက်ဖက်ရည်ခွက်ထဲ နို့ ထည့်သောက်သုံးခြင်းဟာ သွား အရောင်စွန်းထင်းခြင်းကို လုံးဝတားဆီးနိုင်ကြောင်း တွေ့ ရှိခဲ့ရပါတယ်။
သွားဖြူဖွေး စေတဲ့ သွားတိုက်ဆေးတွေထက်တောင် ပိုမိုထိရောက်ကောင်းမွန်ပြီး သွားအရောင်ချွတ်တဲ့ ပစ္စည်းတွေနီးပါး ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ “ လက်ဖက်ရည်ဟာ ကမ္ဘာမှာ ဒုတိယမြောက် အသောက်အများဆုံးဖြစ်ပြီးတော့ လက်ဖက်ရည်ဟာ သွားတွေကို အရောင်စွန်းထင်းစေနိုင်တယ်” လို့ Alberta သွားဘက်ဆိုင်ရာတက္ကသိုလ်က Dr. Ava Chow က ပြောကြားခဲ့ပါတယ်။
“ လက်ဖက်ရည်ဟာ အောက်ဆီဂျင်နဲ့ ပိုမိုဓာတ်ပြုတဲ့အခါ ဒါမှမဟုတ် ပြုပြင်ထုတ်လုပ်ထားတဲ့ အဆင့်ပိုများရင် သူ့ ရဲ့အရောင်စွန်းထင်းနိုင်မှုက ပိုများပါတယ်၊။ ဒါပေမယ့် လက်ဖက်ရည်ထဲကို နို့ ထည် သောက်သုံးမယ်ဆိုရင်တော့ သွားကို စွန်းထင်းစေနိုင်တဲ့ လက်ဖက်ရည်ရဲ့ဂုဏ်သတ္တိကို လျော့ချပေးနိုင်ပါတယ်။"
လက်ဖက်ရည်မှာ တန်နင်လို့ ခေါ်တဲ့ ခါးသက်တဲ့အရသာရှိပြီး ရေမှာပျော်ဝင်နိုင်တဲ့ သဘာဝဆိုးဆေးတစ်မျိုးပါရှိကြောင်း သူမက ရှင်းပြခဲ့ပါတယ်။ တန်နင်ဟာ အနက်ရောင်ရှိပြီး သွားကို အရောင်စွန်းထင်းစေနိုင်ပါတယ်။ဒါပေမယ့် နွားနို့ မှာ အဓိကပါဝင်တဲ့ ပရိုတိန်းတစ်မျိုးဖြစ်တဲ့ Casein ဟာ လက်ဖက်ရည်မှာ ပါဝင်တဲ့ တန်နင်ဆိုးဆေးနဲ့ ပေါင်းပြီး သွားစွန်းထင်းခြင်းကို ကာကွယ်ပေးနိုင်ကြောင်း Dr Chow က တွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
နို့ ထည့်ထားတဲ့ လက်ဖက်ရည်တစ်ခွက်ဟာ သွားဖြုဖွေးအောင် အရောင်ချွတ်ပေးတဲ့ ပစ္စည်းတွေ နီးပါးကောင်းမွန်ပြီး သွားကိုဖြူဖွေးစေတဲ့ သွားတိုက်ဆေးတွေထက် ပိုမို ထိရောက်မှုရှိကြောင်း လေ့လာတွေ့ ရှိခဲ့ရတယ်လို့ Dr.Chow က ပြောကြားခဲ့ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...