ထသွားထလာ ရုံးသွား၊ ရုံးပြန် ပေါ့ပေါ့ပါးပါးလေး မိတ်ကပ်ပြင်ကြည့်ချင်တယ် ဆိုရင် ...
မိန်းကလေး အများစုအတွက် မိတ်ကပ်လိမ်းခြယ်ခြင်းဆိုတာ နေ့စဉ်ကြုံတွေ့နေရတဲ့ မလုပ်မဖြစ်အရာ တစ်ခုပါ။ ဒီတော့ မှန်ကန်တဲ့ မိတ်ကပ်လိမ်းခြယ်နည်းသိဖို့ဆိုတာ အရေးကြီးတဲ့ကဏ္ဍက ပါနေပါတယ်။ ထသွားထလာအတွက်ပဲဖြစ်ဖြစ်၊ ရုံးသွားရုံးပြန် ပေါ့ပေါ့ပါးပါးလေး ပြင်ဆင်ကြည့်ချင်သူတွေအတွက် နည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မျက်နှာကို ကိုယ်အမြဲ သုံးနေကျ မျက်နှာသစ်ဆေးနဲ့အရင်သစ်ပါ။
အစက်အပြောက် တွေကိုသိသာစေပြီး မျက်နှာကိုအရမ်းခြောက်သွေ့သွားစေမယ့် မျက်နှာသစ်ဆေးမျိုး မသုံးသင့်ပါဘူး။ အဆီပြန်ခြင်းလဲမရှိ ၊ ခြောက်သွေ့ခြင်းလဲမရှိဘဲ ပိုးသားလို ချောမွတ် သွားတဲ့ခံစားမှုမျိုးပေးနိုင်တဲ့ မျက်နှာသစ်ဆေးမျိုးသုံးသင့်ပါတယ်။
(၂) ဆန္ဒရှိတယ်ဆိုရင် မျက်နှာသစ်ပြီးနောက် တိုနာသုံးပေးပါ။
တကယ်လို့တိုနာမရှိဘူး ဆိုရင် ဆန်နဲ့ရေကိုရောပြီး ခွက်တစ်ခုထဲ ထည့်ပါ။ နောက်ခွက်တစ်ခုထဲကို ရေချည်းပဲ စစ်ထုတ်လိုက်ပါ။ စစ်ထုတ်ထားတဲ့ရေကို အေးနေအောင် ထားပါ။ ဒီရေကို တစ်ပတ်လောက် သုံးလို့ရတဲ့အတွက် အများကြီး လုပ်ထားစရာ မလိုပါဘူး။
(၃) တိုနာသုံးပြီးရင်တော့ အစိုဓါတ်ထိန်းကရင်မ် (moisturizer) အနည်းငယ် ပြန်လိမ်းပေးပါ။
တကယ်လို့အများကြီးလိမ်းမိရင် မျက်နှာအဆီပြန်သလိုဖြစ်နေပြီး ကောင်းမွန်တဲ့ အစိုဓါတ်ကို မခံစားရနိုင်ပါဘူး။
(၄) မျက်နှာပြင်ပေါ်ကို အောက်ခံမိတ်ကပ် ညီညီညာညာလိမ်းပါ။
ကိုယ့်အသားအရေထက် တစ်ဆင့် လင်းတဲ့အရောင်ကိုရွေးချယ်ပါ။ အသားအရောင်နဲ့အနီးစပ် ဆုံးရအောင် ယူပါ။ လည်ပင်း၊ မေးရိုးတစ်လျှောက်နဲ့ မေးရိုးအောက်ဘက်တွေကိုပါ လိမ်းပါ။ ပြီးပြည့်စုံတဲ့အထိ သေချာလိမ်းပါ။ တကယ်လို့သင့်အသားရေက အဖုအပိန့် ၊ အစက်အပြောက်တွေ မရှိနေဘူးဆိုရင် အရောင်ခပ်ဖျော့ဖျော့ပါဝင်တဲ့ moisturizer ကိုသုံးလဲ ရပါတယ်။ တကယ်လို့ အရောင်ခပ်ဖျော့ဖျော့ moisturizer ကိုပဲသုံးလေ့ရှိသူဆိုရင် နံပါတ်(၃) အဆင့်ကို ကျော်လိုက်လို့ ရပါတယ်။
(၅) မျက်ကွင်းညိုနေတာတွေကို ဖုန်းကွယ်ဖို့ အရောင်အနည်းငယ် ပိုလင်းတဲ့ မိတ်ကပ်ကို မျက်လုံးအောက်ဘက်တစ်ဝိုက်မှာ လိမ်းပေးပါ။
မျက်ကွင်းညိုနေတာဟာ ဆွဲဆောင်မှု မရှိတဲ့ ပုံစံဖြစ်စေပါတယ်။ ဒီအဆင့်က အရေးကြီးပါတယ်။
(၆) ဒါတွေပြီးရင်တော့ ပေါင်ဒါလိမ်းပါ။
ပေါင်ဒါဟာ အောက်ခံမိတ်ကပ်ထက် အရောင် ပိုလင်းရပါမယ်။ ပေါင်ဒါလိမ်းခြင်းဟာ မိတ်ကပ်ကို တာရှည်ခံစေပြီး အသားအရေ အဆီပြန်ခြင်းကို လျှော့ချပေးပါတယ်။ ပွဲနေပွဲထိုင် စင်ပေါ်တက်စရာမရှိရင်တော့ (pancake) မိတ်ကပ်ချယ်နည်းလို့ခေါ်တဲ့ အထူကြီးလိမ်းခြင်းမျိုးကိုရှောင်ပါ။ ဒီလိုလိမ်းခြင်းဟာ ၀က်ခြံထွက်စေပါတယ်။
(၇) အကြိုက်ဆုံး eye shadow အရောင် (၃)ရောင်ကိုရွေးချယ်ပါ။
သင့်ရဲ့ အသားအရေ၊ ဆံပင်အရောင်တွေနဲ့ လိုက်ဖက်မှုရှိအောင်လဲ သတိပြုပါ။ အရင့်ဆုံး အရောင်ကို မျက်ခွံအတွင်းပိုင်းကို အရင်ခြယ်ပါ။ ပိုဖျော့တဲ့အရောင်ကို မျက်လုံးအပြင်ဘက်ကို ခြယ်ပါ။ အရောင်အရင့်ကနေ အနုဘက်ကိုချယ်ပါ။
(၈) ပြီးရင်တော့ အိုင်းလိုင်နာဆွဲလို့ရပါပြီ။
မျက်တောင်အပေါ်ဘက်နဲ့ အောက်ဘက် တွေကို လိုင်းခပ်သေးသေးဆွဲပါ။ အောက်ဘက်ကိုဆွဲတဲ့အခါမှာ အပြင်ဘက်ကနေ အတွင်းဘက်ကိုဆွဲပြီး တစ်ဝက်သာခြယ်ပါ။ အသုံးများတဲ့ အိုင်းလိုင်နာနှစ်မျိုးကတော့ ခဲတံနဲ့ အရည်ပါပဲ။ ရုံးသွား ကျောင်းသွားဖို့အတွက်ဆိုရင်တော့ ခဲတံကိုသာ ရွေးချယ်ပါ။
(၉) မျက်တောင်ကော့ဆေးချယ်တဲ့အဆင့်ရောက်ပါပြီ။
သိပ်ပြီးထင်းလင်းမနေစေဖို့အတွက် မျက်တောင်ကော့ဆေး အနက်ရောင်ကိုရှောင်ပြီး အရောင်ဖျော့တဲ့ဟာကို ရွေးချယ်ပါ။ အရောင်ဖျော့ဖျော့တွေက သဘာဝဆန်တဲ့အသွင်ကိုရစေပြီး တစ်ချက်နှစ်ချက်လောက် ဆွဲလိုက်ရင်ရပါပြီ။
(၁၀) ပြီးပြည့်စုံတဲ့ မိတ်ကပ်အပြင်အဆင်ကို နှုတ်ခမ်းနီနဲ့ အနားသတ်ပေးပါ။
lipgloss သုံးတော့မယ်ဆိုရင် နှုတ်ခမ်းထက်ပိုသွားအောင် မဆိုးပါနဲ့။ နှုတ်ခမ်းပို ကြီးသွားတယ်လို့ထင်ရပါတယ်။ ရုပ်ရှင်ဆန်တဲ့အရောင်တွေလဲမရွေးချယ်ပါနဲ့။ သဘာဝဆန်တဲ့အရောင် ၊ ကိုယ့်နှုတ်ခမ်းနဲ့ အနီးဆုံးအရောင်ကိုသာ ရွေးချယ်ပါ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...