iMyanmarHouse.com - Best Property Website for Myanmar
×









အမျိုးသမီးများ အသက်အရွယ်ကြီးလာချိန်တွင် အရိုးအားနည်းသည့် ဒဏ်ကို ခံစားရလေ့ရှိသောကြောင့် အရိုးများသန်မာအောင် ကယ်လ်ဆီယမ်ဓာတ် စားပေးရန် အလွန်အရေးကြီးသည်။

အမျိုးသမီးများကြုံတွေ့ရမှု အများဆုံးရောဂါမှာ သွေးအား နည်းခြင်းဖြစ်ပြီး သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းနိုင်သည်။

သံဓာတ်က အောက်ဆီဂျင်ကို ခန္ဓာကိုယ်ဆဲလ်များသို့ ပို့ဆောင်ပေး၍ သံဓာတ်မရှိပါက စွမ်းအင်နည်းပါးပြီး မောပန်းနွမ်းနယ်နိုင်သည်။

ကြက်သား၊ ကြက်ဆင်သားနှင့် ပဲ၊ နှံစားသီးနှံမှရသော အစားအစာများ စားပေးပါ။

သင်၏ခန္ဓာကိုယ်က လုံလောက်သော ဗီတာမင်ဒီပမာဏကို မထုတ်လုပ်ပါက သင်စားသုံးလိုက်သော ကယ်လ်ဆီယမ်ဓာတ်များ အလဟဿ ဖြစ်သွားပေလိမ့်မည်။ ဗီတာမင်ဒီက ကယ်လ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူအောင် အထောက်အကူပြုသည်။ ဗီတာမင်ဒီကို တူနာငါး၊ ဆယ်လမွန်ငါးနှင့် လိမ္မော်သီးဖျော်ရည်တို့မှ ရရှိနိုင်သည်။

ဖောလစ်အက်စစ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်သာမဟုတ်ဘဲ အမျိုးသမီးများအားလုံးအတွက် အလွန်အရေးကြီး သည်။ ဖောလစ်အက်စစ်ကို အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ သစ်သီးဖျော်ရည်များ၊ ပဲများနှင့် အခွံမာသီးတို့ စားပေးခြင်းဖြင့် ရရှိနိုင်သည်။

ဥများ၊ အနီရောင်အသားများ၊ ငါးနှင့် အခွံမာသီးတို့တွင် ပရိုတိန်းဓာတ်ပါဝင်ပြီး အမျိုးသမီးများ တစ်နေ့လျှင် ပရိုတိန်းဓာတ် ၄၅ ဂရမ်ထက်မနည်းစားပေးရန်လိုသည်ဟု သုတေသီများက ပြောသည်။

အမျှင်ဓာတ်က သွေးထဲ သကြားပမာဏနှင့် ကိုလက်စထရော တို့ကို ထိန်းညှိပေးရုံသာမက အစာချေဖျက်မှု ပိုကောင်းအောင်လည်း ကူညီနိုင်သည်။

ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ သဘာဝဂျုံမှ  ထုတ်ထားသော ပေါင်မုန့်များ၊ နှံစားသီးနှံများမှရသော စားစရာများ၊ အခွံမာသီးများနှင့် ပဲများတွင် အမျှင်ဓာတ်ပါဝင်သည်။

အရိုးများ ကျန်းမာရေးအတွက် အသားအရေစိုပြည်လိုပါက ဗီတာမင်စီလုံလောက်စွာစားပေးပါ။ ငရုတ်သီးအနီ၊ အစိမ်းရောင်ဂေါ်ဖီပန်းနှင့်ရှောက်သီး၊ သံပရာသီးတို့စားပေးပါ။ သီတင်းတစ်ပတ်တွင် လိမ္မော်သီးဖျော်ရည်သုံးခွက်ထက်မနည်းသောက်ပေးပါ။ 

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top