ဆေးခြောက်သောက်ခြင်းက သင့်အချစ်ရေးပြဿနာတွေ အားလုံးကို ဖြေရှင်းပေးနိုင်
သာယာခိုင်မြဲတဲ့ အချစ်ရေးတစ်ခုမှာ အဓိက လိုအပ်ချက်သုံးခုက ရိုးသားမှု၊ အပြန်အလှန်ဆက်သွယ်မှု နဲ့ သစ္စာရှိမှုလို့  ဆိုပါတယ်။ ဒါပေမယ့် ဒီလို သာယာခိုင်မြဲမှုရှိတဲ့ အချစ်ရေးတစ်ခုမှာ ဆေးခြောက်ကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ပါတယ်။ မာရီဝါးနားသောက်တာက အချစ်ရေးကို ဘယ်လို ခိုင်မြဲစေတာလည်း ကြည့်ကြည့်ရအောင်။
၁။ မာရီဝါးနားကြောင့် စုံတွဲတွေ ရန်ဖြစ်တာ နည်းသွားတယ်
ဆေးခြောက်တူတူဖွာတတ်တာက ပိုမိုပျော်ရွှင်တဲ့အိမ်ထောင်ရေး၊ အချစ်ရေးနဲ့  အပြန်အလှန်ဆက်စပ် မှုရှိပါတယ်။ ဆေးခြောက်တူတူသောက်တတ်တဲ့ စုံတွဲတွေဟာ တကယ် ချစ်သက်တမ်း ကြာတတ်ပါတယ်။ Washington Post သတင်းစာမှာ ဖော်ပြထားချက်အရ၊ Buffalo တက္ကသိုလ်ဟာ ၉၀ခုနှစ် အလယ်ပိုင်းလောက် ကစပြီး စုံတွဲ ၆၀၀ ကို လေ့လာခဲ့ရမှာ ဆေးခြောက်ပိုသောက်လေ့ရှိတဲ့ စုံတွဲတွေဟာ ခိုက်ရန်များတဲ့ အချစ်ရေးကို ကြုံတွေ့ ရဖို့  ပိုနည်းတယ်လို့ ဆိုပါတယ်။
၂။ မနာလိုမှုအဖြစ်အပျက်တွေလျော့ကျစေတယ်
အတူတူဆေးခြောက်သောက်နေမှတော့၊ မနာလိုဝန်တိုမှုတွေနဲ့ အာရုံစားနေဖို့ မလိုပါဘူး။ ဆေးခြောက်တူတူသောက်လေ့ရှိတဲ့ စုံတွဲတွေဟာ အသေးအဖွဲကိစ္စတွေ ပုံကြီးချဲ့ ဖို့ နဲ့ ရန်ဖြစ်ဖို့ ကို ပျင်းရိနေကြပြီး ဆိုဖာခုံပေါ် တူတူမှီကာ အချိန်တွေ ကုန်ဆုံးတတ်ကြပါတယ်။
၃။ သင်တို့ ရဲ့အိပ်ထောင်ရေးသုခပိုပြည့်စုံတယ်
ဆေးခြောက်သောက်ရင် လိင်ဆက်ဆံမှုပိုကောင်းတယ်ဆိုတာ သိပ္ပံနည်းကျသက်သေပြပြီး ဖြစ်ပါတယ်။ ကိုယ်လက်နှီးနှောရာမှာ ခံစားရတဲ့ အထွတ်အထိပ်ကာလကို ပိုမိုကောင်းမွန်စေပြီး၊ လိင်ဆက်ဆံမှုကို ပိုမိုကြာမြင့်စေပါတယ်။ ဆေးခြောက်ကို ကာမအားတိုးဆေး အဖြစ်တောင် သုံးစွဲနိုင်ပါတယ်။
၎။ အစာစားချင်စိတ်ကို ပိုမိုဖြစ်စေပြီး အတူတူစားသောက်ကြတဲ့ စုံတွဲတွေဟာ အတူတူကြာရှည်လက်တွဲကြပါတယ်
ဆေးခြောက်ကရတဲ့ C21H30O2 ဒြပ်ပေါင်းဟာ ဦးနှောက်ရဲ့ ဂန္ဒာရုံအာရုံဖုက အာရုံခံဆဲလ်တွေကို အကျိုးသက်ရောက်ပြီး အစားအသောက်ကို အနံ့ ခံနိုင်တဲ့စွမ်းရည်ကို သိသိသာသာတိုးတက်စေပါတယ်။ ဒီ ခံစားမှုက အစားအသောက်ကို ပိုမိုစားဖြစ်စေတယ်လို့ ဆိုပါတယ်။ ဆေးခြောက်သောက်ပြီး ဘာလို့ အစာ များများစားရလဲဆိုတော့ သင်ဟာ အစားအစာတွေကို အနံ့ ခံနိုင်စွမ်း၊အရသာခံနိုင်စွမ်းတွေ ကောင်းမွန် လာလို့ ဖြစ်ပါတယ်။ အစားအသောက်ကို တူတူစားလေ့ရှိတဲ့ စုံတွဲတွေဟာ ဘ၀ကို စည်းချက်ကျကျ ဖြတ်သန်းလေ့ရှိပါတယ်။
၅။ ကောင်းနေတဲ့အချိန်မှာ စကားပြောကောင်းတယ်
သင့်ရဲ့ဦးနှောက်ဟာ ဒီအချိန်မှာ အကြောင်းအရာတွေကို အသေးစိတ်ကျကျတွေးနိုင်ပြီး တစ်ခါမှ ခေါင်းထဲ မထည့်ဖူးတဲ့ အကြောင်းအရာတွေအထိ ချဲ့ ကားသွားတတ်ပါတယ်။ ဘ၀အကြောင်း သင်ထုတ်လိုတဲ့မေးခွန်းတွေနဲ့  စူးစမ်းစိတ်တွေက နောက်ဆုံးမှာ ထွက်ပေါ်လာပါတယ်။ လူတစ်ယောက်ကို သူနဲ့ တူတူ ဆေးခြောက်သောက်ပြီး မကောင်းဖူးမချင်း သူ့ ကို တကယ်သိတယ်လို့ သင်ယူဆလို့ မရပါဘူး။
၆။ ဆေးခြောက်တူတူသောက်လို့ ရတယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက်လည်း ယုံကြည်လို့ ရပါတယ်
သင့်စိတ်ကိုယ်သင်ဖြေလျော့လိုက်ခြင်းက ယုံကြည်မှုကို အဆုံးစွန်ပြလိုက်တဲ့လုပ်ရပ်ပါပဲ။ ဆေးခြောက်က လူ့ ဦးနှောက်ကို ဆန်းကြယ်ပြီး မတူညီတဲ့ သက်ရောက်မှုမျိုးစုံပေးနိုင်ပါတယ်။ သင့်ရဲ့ပြောင်းလဲသွားတဲ့ အပြုအမူတွေကို သူရှေ့ ပြနိုင်တယ် ဆိုကတည်းက သင်ဟာ သူ့ ကိုယုံကြည်မှုရှိတယ်လို့ ဆိုလိုပါတယ်။ သင့်ချစ်သူနဲ့ အတူတူ ဆေးခြောက်ယစ်မူးနေတဲ့အချိန်မှာ တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ပြီး တစ်ယောက်ကို တစ်ယောက်စောင့်ရှောက်သွားမယ် လို့ လုံးဝယုံကြည်မှုထားလိုက်ပါတယ်။
ခိုင်မြဲတဲ့အချစ်ရေးဆိုတာ ယုံကြည်မှုကနေ စတင်တည်ဆောက်ရပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့ ဆေးခြောက် တူတူမဖွာနိုင်ဘူးဆိုရင်တော့ သင့်ကိုယ်သင်ပြန်မေးကြည့်ပါ။ သူ့ ကို တကယ်ယုံကြည်မှုထားနိုင်ရဲ့လားလို့ ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...