iMyanmarHouse.com - Best Property Website for Myanmar
×










၁။ တကယ်လို့ မိဘများဟာ ရဲအတွေး ရဲမျက်စီ နဲ့ ကိုယ့်သားသမီးများကို မျက်စိတောက်ထောက်ကြည့်ရူ့ပြီး စုံစမ်းထောက်လှမ်းနေမယ်ဆိုရင် သားသမီးတွေဟာလည်း တဖြည်းဖြည်း မြေအောက်ဂိုဏ်းသားတွေလို ပြုမူလုပ်ရှားသွားကြပါမယ်။ သားသမီးကို သံသယ မျက်စီနဲ့ကြည့်လေ၊ မယုံကြည်လေလေ၊ ဆိုဆုံးမတာ ကျန်းတမ်းလေလေ သားသမီးကို ကိုယ်မယုံကြည်တဲ့ဘက် တွန်းပို့လေလေ မုသားစကားများလေလေ ဖြစ်တတ်ပါတယ်။

၂။ ရမှတ်တစ်ခုထဲကြည့်ပြီး ကလေးများကို တော်တယ်ညံ့တယ် လို့ တိုင်းတာနေအုံးမယ်ဆိုရင် မိဘများရော ဆရာများပါ အကန်းနဲ့ တူသွားပါတော့တယ်။ ကလေးရဲ့အရည်အချင်းကိုမြင်အောင်ကြည့်ပါ။ တိုင်းတာတဲ့ပေတံ ရှိခဲ့ရင်တောင်မှ ပေတံအမျိုးမျိုးနဲ့ တိုင်းတာသင့်ပါတယ်။

၃။ အင်တာနက်တို့ ဂိမ်းတို့ ဆိုတာ အသုံးချတတ်ရင် ကလေးတွေအတွက် အကျိုးရှိနိုင်သလို အသုံးမချတတ်ရင် အလွန်အန္တရာယ်များတတ်ပါတယ်။ မိမိကလေးတွေကို အဲဒါတွေ မစွဲလန်းသွားအောင် အခြားဝါသနာများကိုပါ ပြုစုပျိုးထောင်ပေးထားရပါမယ်။

၎။ ညီအကိုမောင်နှစ်မချင်း တစ်ခါတစ်လေ ကတောက်ကဆဖြစ်တဲ့အခါရှိရင်ရှိမယ်။ အပျိုပေါက် လူပျိုပေါက် ကလေးတွေက မိဘကို စိတ်ကောက်ပြီး မခေါ်မပြော ဖြစ်တဲ့အခါ ရှိရင်လည်းရှိမယ်။ အဲဒီအခါ မျိုးမှာ ကလေးကို စိတ်တွင်းက ခံစားချက်အတိုင်း သူတို့ဆီကိုစာရေးပြီးဆက်ဆံကြည့်ပါ။ တန်းတူညီတူ အမြင်ချင်းဖလှယ်ပါ။ စာရေးခြင်းဟာ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်တတ်ပါတယ်။

၅။ ကလေးကို တမင်တကာ အခက်အခဲ ဖန်တီးပေးတာမျိုး မလိုအပ်သလို ကလေးတွေ တွေ့ကြုံရတဲ့ အခက်အခဲလေးငယ်လေးများကိုလည်း မကူညီပဲ ထားကြည့်ပါ။ အခက်အခဲ ဟာ ကလေးကြီးပြင်း ရင့်ကျက်ဖို့အတွက် အကောင်းဆုံးသင်ခန်းစာများ ဖြစ်နေတတ်ပါတယ်။

၆။ အောင်မြင်ခြင်းရဲ့လျို့ဝှက်ချက်ဆိုတာ ကလေးတွေကို အခက်အခဲသိပ်မရှိတဲ့ ရေတိုရည်ရွယ်ချက် တစ်ခုနှစ်ခုကို အောင်မြင်အောင် အရင်အကောင်အထည် ဖေါ်ခိုင်းပါ။ ကလေးဟာ အောင်မြင်တဲ့ အတွေ့အကြုံအပေါ် နှစ်သက်သာယာသွားပါလိမ့်မယ်။ နည်းနည်းမြင့်တဲ့ ရည်ရွယ်ချက်ကို ပြန်ထားရှိခိုင်းပါ။ အောင်မြင်အောင်အားပေးအားမြောက်ပြုပါ။ အောင်မြင်တဲ့အတွေ့အကြုံ အကြိမ်ကြိမ် ရသွားရင် ကိုယ့်ကိုကို ယုံကြည်စိတ် တည်ဆောက်ပြီးသားဖြစ်သွားပါတယ်။

ရ။ ဖခင်နဲ့မိခင်များဟာ အကြောင်းအရာ တစ်ခုအပေါ်မှာ သဘောထားအမြင်များ ရှေ့နောက်ညီညွတ်ပါစေ၊ ကလေးကိုပေးထားတဲ့ကတိ အမြဲတည်ပါစေ၊ ပြောထားတဲ့အတိုင်းဖြစ်အောင်လုပ်ခြင်းဟာ မိဘတိုင်းလိုအပ်တဲ့ အခြေခံ စာရိတ္တဖြစ်တယ်။

၈။ ကလေးတစ်ယောက်နဲ့ တစ်ယောက် ပင်ကိုယ်ပီဇအရ ကွာခြားတတ်ပါတယ်။ ကြီးပြင်းလာမဲ့ပုံစံလည်း ကွာခြားတတ်ပါတယ်။ ဒါကြောင်မို့လို့ ကလေးကွာခြားမူကို လစ်လျူ ရူ့တဲ့ အမြန်ဖြစ်သင်တန်းတွေကို မယုံကြည်သင့်ပါ။

၉။ ကလေးတွေ လွတ်လွတ်လပ်လပ် စော့ကစားဖို့အချိန်ဟာလည်း ကလေးများ ဥာဏ်ရည်ဖွံဖြိုးဖို့ အရေးကြီးပါတယ်။

၁၀။ စိတ်ဝင်စားမူကြောင့် ၀ါသနာဖြစ်ပေါ်လာပါတယ်။ ၀ါသနာနောက်ကိုလိုက်တော့ အကျင့်စရိုက်ဖြစ်ပေါ်စေပါတယ်။ အကျင့်စရိုက်ဟာ ကလေးဘ၀တစ်ခုလုံးအဖို့ အကျိုးသက်ရောက်မူ ရှိတယ်ဆိုတာ မိဘများသတိထားအပ်ပါတယ်။ ကလေးများကို ပြင်ပစာဖတ်တတ်တဲ့ စိတ်ဝင်စားမူမျိုး အားကစားကိုစိတ်ဝင်စားစေတာမျိုး ပျိုးထောင်ပေးသင့်ပါတယ်။

၁၁။ ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ သားသမီးတွေကို မချမ်းသာစေသင့်ပါ။ ဘယ်လောက်ပဲဆင်းရဲနေပါစေ ပညာရေးကို မဆင်းရဲစေသင့်ပါလို့ နိုင်ငံခြားဆိုရိုးစကားတစ်ခုကို မှတ်သားဖူးပါတယ်။ ဆိုလိုတာက မိဘချမ်းသာလို့ ကလေးကို မထိခိုက်စေသင့်သလို မိဘဆင်းရဲပေမဲ့ ပညာရေးမှာ အတတ်နိုင်ဆုံး မချွေတာဖို့ ကြိုးစားခိုင်းတဲ့သဘောပါ။

၁၂။ အားကစားရဲ့ကောင်းကျိုးဟာ ကျန်းမာသန်စွမ်းခြင်းသက်သက်မဟုတ်ဘဲ စိတ်ဓါတ်မြင့်တင်ဖို့ပါ အလွန်အရေးကြီးပါတယ်။

Credit: Sayar Aung Ko Latt

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top