နီကိုတင်းဓာတ်ကို စားသုံးတဲ့ ဘက်တီးရီးယားတစ်မျိုးက ဆေးလိပ်ဖြတ်ခြင်း ကို ကူညီပေးနိုင်
အသစ်ရှာဖွေတွေ့ ရှိခဲ့တဲ့ ဘက်တီးရီးယားကထုတ်ပေးတဲ့အင်ဇိုင်းတစ်မျိုးက ထိရောက်အောင်မြင်တဲ့ ဆေးလိပ်ဖြတ်ဆေးဝါးတစ်မျိုး ဖြစ်လာနိုင်ပါတယ်။ဆေးလိပ်ဖြတ်တယ်ဆိုတာက အခက်ခဲဆုံးအလုပ်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေ ရင်ဆိုင်နေရတဲ့ အကြီးဆုံးပြဿနာက ဆေးလိပ်ကို အပြတ်ဘယ်လို ဖြတ်မလဲဆိုတာ ပါပဲ။
လေ့လာတွေ့ ရှိမှုအသစ်က ဆေးလိပ်ဖြတ်ခြင်းမှာ အဓိကသော့ချက် တစ်ခုဖြစ်လာနိုင်ပါတယ်။ အမေရိကန် ဓာတုဗေဒအသင်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာတွေ့ ရှိချက်အသစ်အရ နီကိုတင်းဓာတ်ကို စားသုံးပေးတဲ့ ဘက်တီးရီးယားပိုးတွေဟာ နီကိုတင်းဓာတ် ဦးနှောက်ထဲ မရောက်ခင်မှာ ယင်းဓာတ်ကို စားသုံးပေးပြီး နီကိုတင်းဓာတ်ရဲ့ဆိုးကျိုးကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
“ ဒီဘက်တီးရီးယားပိုးတွေက ဗီဒီယိုဂိမ်း Pac-Man လိုပါပဲ။ နီကိုတင်းဓာတ်တွေကို လိုက်စားပေးတာပါ” လို့ The Scripps Research Institute က သုတေသနပညာရှင် Kim D. Janda က ရှင်းပြခဲ့ပါတယ်။ဒီဘက်တီးရီးယား အင်ဇိုင်းက သွေးကြောထဲ ရောက်ရှိတာနဲ့ ၉ မိနစ်ကနေ ၁၅ မိနစ်အတွင်းမှာတင် နီကိုတင်းပမာဏကို တစ်ဝက်တိတိလျော့ချပေးနိုင်ပါတယ်။ ဒီင်္လေ့လာတွေ့ ရှိ မှုဟာ အောင်မြင်ထိရောက်တဲ့ ဆေးလိပ်ဖြတ်ဆေးဝါးတစ်မျိုး ထုတ်လုပ်ဖို့ အတွက် အစခြေလှမ်းတစ်ရပ်အဖြစ် ယုံကြည်ကြောင်း ပရော်ဖက်ဆာ Janda က ယုံကြည်ထားကြောင်း ပြောပြခဲ့ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...