ကြောင်တွေစိတ်ဓါတ်ကျတဲ့အခါ ဘာလုပ်လေ့ရှိလဲ ...
ကမ္ဘာပေါ်မှာ အိမ်ယာမဲ့အခြေအနေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ယာယီတည်းခိုနေရတဲ့ ကြောင်အကောင်ရေ နှစ်သန်းလောက်အနည်းဆုံးရှိပါတယ်။ ကယ်ဆယ်ရေးစခန်းတွေကို ရောက်လာကြတဲ့ ကြောင်တွေဟာ မွေးစားမယ့် ပိုင်ရှင်သစ်ကို စောင့်မျှော်ရလေ့ရှိပါတယ်။ ကြောင်တွေ စိတ်ဓါတ်ကျတဲ့အခါ ဘယ်လိုနေပါသလဲ။ သူတို့စိတ်ညစ်တဲ့အခါ ဘာလုပ်တက်သလဲဆိုတာကို La Trobe တက္ကသိုလ်ကသုတေသီတွေ သုတေသန လုပ်လိုက်တဲ့အခါ အောက်ပါအချက်တွေ ထွက်လာပါတယ်။
ကြောင်တွေမွေးစားမယ့်သူ မရှိလို့ အိမ်ယာမဲ့သွားတဲ့အခါ အများဆုံး စိတ်ဓါတ်ကြလေ့ရှိကြပါတယ်။ ကြောင်တွေ စိတ်ဓါတ်ကျတဲ့အခါ လူတွေအနားမှာ ပွတ်သီးပွတ်သပ်မလုပ်ကြတော့ပါဘူး။ ချောင်ထဲမှာ တစ်ကောင်တည်း သွားအိပ်နေလေ့ရှိပါတယ်။ ဒါမှမဟုတ် အလွယ်တကူ မမြင်နိုင်တဲ့ အမြင့်တနေရာမှာ အိပ်နေလေ့ရှိပါတယ်။ လူအများစုလိုပဲ သူတို့လည်းစိတ်ညစ်တဲ့အခါ တစ်ကောင်တည်းနေလေ့ရှိကြောင်း လေ့လာချက်က ဖော်ထုတ်လိုက်ပါတယ်။ ဒါကြောင့် သင့်ရဲ့ကြောင်ကလေးလည်း ချောင်ထဲမှာ အိပ်တာ ကြာနေပြီဆိုရင် စိတ်ဓါတ်ကျနေတာ၊ စိတ်ဖိစီးမှု များနေတာလို့ မှတ်ပါ။ စိတ်ညစ်တာ ပိုများတဲ့ကြောင်က ပိုပြီးအချိန်ကြာကြာ ချောင်ထဲမှာအိပ်နေလေ့ရှိပါတယ်။
ဒါပေမယ့် လူမြင်ကွင်းမှာရှိနေပြီး တညှောင်ညှောင်နဲ့ အော်နေပြီဆိုရင်တော့ သင့်ရဲ့ကြောင်ဟာ စိတ်လွတ်ကိုယ်လွတ် ပျော်မြူးနေတယ်လို့မှတ်ပါ။ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ရတဲ့ ကြောင်တွေဟာ စိတ်ဓါတ်ကျပြီး ကျန်းမာရေးချူခြာလေ့ရှိပါတယ်။
Credit : PlanetMyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...