iMyanmarHouse.com - Best Property Website for Myanmar
×










ရင့်ကျက်တယ်၊ မရင့်ကျက်ဘူးဆိုတာ အသက်အရွယ်တော့ သိပ်မဆိုင်လှပါဘူး။ တစ်ချို့စုံတွဲတွေဟာ အသက်ငယ်ပေမယ့် သူတို့နှစ်ဦးချိန်းတွေ့ကြတဲ့အခါ ပြုလုပ်လေ့ရှိတဲ့အရာ၊ ချိန်းတွေ့မှုပုံစံတွေက သူတို့အခြေအနေကို ဖော်ပြပြီးသားဖြစ်ပါတယ်။ တစ်ချို့ကျတော့လည်း အသက်အရွယ် ဘယ်လောက်ရနေ ရနေ ချစ်သူနှစ်ဦးချိန်းတွေ့ပြီဆိုရင် ဘာမဟုတ်တာတွေနဲ့သာ အချိန်ကုန်ရင်း လွှတ်ချသင့်ပြီဖြစ်တဲ့ ချိန်းတွေ့မှုပုံစံတွေကို လက်ထဲဆုပ်ကိုင်ထားနေဆဲပါ။ ဒီတော့ စုံတွဲတွေ ချိန်းတွေ့တဲ့အခါ ဒီလိုအရာတွေကို ခေါက်ထားဖို့ လိုပါတယ်။

၁။သူ့ဘာသာသူဖြစ်လာမှာပေါ့၊ အဲ့ကျမှ ကြည့်စီစဉ်တာပေါ့။

ချစ်သူစုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အခါမှာ ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာတောင် မစီစဉ်ထားပဲ ကြည့်လုပ်မယ်ဆိုတာမျိုး ပြီးစလွယ်ပြောတတ်သူတွေဟာ နှစ်ဦးသား ဘ၀လမ်းကို လျှောက်လှမ်းချိန်မှာလည်း ဘာကြိုတင်စီစဉ်မှုမှ မရှိပဲ ပြီးစလွယ်သာ နေသွားတတ်ကြပါတယ်။

၂။သူ့ဘက်က ဖုန်းစဆက်တာကို သုံးရက်လောက်ကြာအောင် စောင့်လိုက်မယ်။

ရှေးခေတ်တုန်းက တစ်ခုခုဆို အမျိုးသားက ဖုန်းစဆက်မှ ကိုယ့်ဘက်က ပြောချင်တာလေးတွေ ဖွင့်ဟရတဲ့ကာလ ကုန်ပါပြီ။ တစ်ချို့ကိစ္စတွေဟာ ကိုယ့်ဘက်က မဖြစ်မနေ ဖွင့်ပြောရတာမျိုးရှိပါတယ်။ တစ်ဖက်လူအပေါ် အားမကိုးပါနဲ့။ တစ်ဖက်လူစလုပ်မှ ဆိုတာမျိုးလည်း မတွေးပါနဲ့။

၃။ချိန်းတွေ့ချိန်အတွင်း ဖုန်းပဲ တစ်ချိန်လုံး သုံးနေတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာ ကိုယ့်ချစ်သူကို အလေးမထားတာပါ။ ချစ်သူနဲ့တွေ့တဲ့အချိန် ချစ်သူမျက်နှာကို ကြည့်ရမယ့်အစား ဖုန်းစခရင်ကိုသာ ကြည့်နေတယ်ဆိုတော့ ဒါဟာ ကိုယ့်ချစ်သူကိုပါ စော်ကားရာရောက်နေ ပါတယ်။

၎။တွေ့လိုက်တိုင်း သူများအကြောင်းတွေချည်း စွတ်ပြောတတ်တယ်။

ကိုယ့်ချစ်သူနဲ့ရှိနေချိန်တောက်လျှောက် နှစ်ဦးသားဘယ်လိုရှေ့ဆက်ကြိုးစားမယ်၊ဘာတွေလုပ်မယ်ဆိုတာထက် ဘယ်သူက ဘယ်လိုဆိုတာချည်း ပြောနေတယ်၊ အတင်းအဖျင်းတွေကိုသာ စိတ်ဝင်စားနေမယ်ဆိုရင်တော့ သင့်ရဲ့လက်တွဲဖော်ဟာ သင့်ကို စိတ်ကုန်လာပါလိမ့်မယ်။

၅။ချစ်သူနဲ့ ချိန်းတွေ့တိုင်း ဘာလိုချင်တယ် ပူဆာတတ်တယ်။

သင်ဟာ လိုချင်တာတွေများပြီး တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် ချစ်သူနဲ့ချိန်းတွေ့ချိန်တိုင်း လိုချင်တာတွေတန်းစီပူဆာတတ်တယ်ဆိုရင်တော့ သင့်ချစ်သူက သင့်ကို အချိန်ကြာလာတာနဲ့အမျှ အမြင်တစ်မျိုးပြောင်းသွားပါ လိမ့်မယ်။

၆။ချစ်သူနဲ့ ချိန်းတွေ့ချိန်တိုင်း ဘာစားစား သူ့ကိုသာရှင်းခိုင်းတတ်တယ်။

အမျိုးသားတွေဟာ နှစ်ယောက်စာ အမြဲပေးရတယ်၊ အမျိုးသမီးက ပိုက်ဆံပိုရှိလို့ ကိုယ့်ချစ်သူကောင်လေးအတွက် အမြဲရှင်းရတယ်ဆိုတာမျိုးတွေဟာ သင်တို့နှစ်ဦးအတွက် ရေရှည်မကောင်းတဲ့အချက်ပါ။ ဖြစ်သင့်တာက တစ်ယောက်က ဒီစားပွဲတွေအတွက် ရှင်းလိုက်ရင် နောက်တစ်ယောက်က ကော်ဖီဖိုး၊ အအေးဖိုး မျှရှင်းသင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မျှကူတာမျိုးဟာ ရေရှည်အတွက်ကောင်းပါတယ်။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top