iMyanmarHouse.com - Best Property Website for Myanmar
×











လူတိုင်းလူတိုင်းမှာ သူငယ်ချင်းအပေါင်းအသင်း၊ မိတ်ဆွေဆိုတာ ရှိကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အနစ်နာခံ ခံစားချက်တွေ ဝေမျှ ဆိုးအတူ ကောင်းအတူ ဖြတ်သန်းဖူးသူတွေအနေနဲ့ကတော့ အစားထိုးမရတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်လာကြပါတယ်။ သင်ဟာ သင့်ရဲ့သူငယ်ချင်းကို ဘယ်လောက်ထိ ချစ်ပါသလဲ။ ဘယ်လောက်အနစ်နာခံပါသလဲ။ ဒီလိုမေးလိုက်ရင် သင့်အချစ်ဆုံး သူငယ်ချင်းကို တန်းမြင်ယောင်လာနိုင်ပါတယ်။ ငါသူ့အတွက် ဘာလုပ်ပေးဖူးသလဲလို့လည်း စဉ်းစားမိသွားပါလိမ့်မယ်။ သင့် သူငယ်ချင်းအတွက် သင်ဟာ ဒီအရာတွေ လုပ်ပေးဖူးတယ်ဆိုရင် သင်ဟာ သူ့ကိုတော်ရုံတန်ရုံခင်တာ ချစ်တာမျိုး မဟုတ်တော့ပါဘူး။

၁။သောက်တာများပြီး မူးပြီးအန်နေတဲ့ သူငယ်ချင်းကို ကူညီပေးဖူးတယ်။
သင့်သူငယ်ချင်းဟာ သောက်ပြီး သွေးဆိုးမှန်းသိပေမယ့် သူ့ကိုခင်မင်လွန်းတာကြောင့် သူသောက်တိုင်းဘေးနားက အမြဲလိုက်ထိန်းပေးတယ်။ သူအန်တဲ့အခါ ကျောထုပေးတယ်။ သူ့ကို တွဲပြီး သူအိပ်ပျော်တဲ့အထိ သင်ရှိပေးတယ်။

၂။ဘိုင်ပြတ်နေတဲ့ သူငယ်ချင်းကို ငွေချေးပေးလေ့ရှိတယ်။
သင်ဟာ လတိုင်းနီးပါး ပုံမှန်ဘိုင်ပြတ်တတ်တဲ့ သူငယ်ချင်းကို မငြိုမညင်ငွေချေးပေးတယ်။ နှစ်ယောက်သား ငွေရေးကြေးရေးကိစ္စတွေ အတူဖြေရှင်းဖူးတယ်။

၃။သူငယ်ချင်းလိုနေတဲ့ ကျောကပ်ကိုတောင် လှူပေးဖူးတယ်။
ကျန်းမာရေးချို့တဲ့နေတဲ့ သူငယ်ချင်းကို ဖေးမရာမှာ ကိုယ့်မှာရှိနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကိုတောင် လှူဖူးတယ်ဆိုရင် သင်ဟာ သင့်သူငယ်ချင်းကို တော်တော်လေးကို ချစ်တာမို့ပါ။

၎။နာကျင်မယ်ဆိုတာ သိရင်တောင် အမှန်အတိုင်းကိုသာ ဖွင့်ဟတတ်ကြတယ်။
သင့်သူငယ်ချင်း ၀တ်ထားတဲ့ အကျိံက သူနဲ့မလိုက်ဘူးဆိုတာမျိုး ဖွင့်ပြောရုံသာမက သူတွဲနေတဲ့ ရည်းစားက ဘယ်လိုအချိုးမပြေဘူး ဆိုတာမျိုးအထိ ဖွင့်ဟတတ်တယ်။

၅။ကိုယ်မကြိုက်တဲ့ဖျော်ဖြေပွဲတွေ သူငယ်ချင်းနဲ့အတူ လိုက်သွားဖူးတယ်။
ကိုယ်မကြိုက်တဲ့ အဆိုတော်  ဒါမှမဟုတ် သည်းခံပြီးနားထောင်လို့မရတဲ့ ကိုယ်မကြိုက်တဲ့ ဂီတအမျိုးအစားတွေချည်း ပြုလုပ်တဲ့ ဖျော်ဖြေပွဲမျိုး ဘယ်သူက သွားချင်မှာလဲ။ သူငယ်ချင်းက ကြိုက်လို့ အဖော်လိုက်သွားပေးဖူးတယ်ဆိုရင် သင်ဟာ သူငယ်ချင်းအပေါ် တော်တော်သံယောဇဉ်ရှိလို့ပါ။

၆။သူငယ်ချင်းနဲ့အတူ ကားပျက်တာမျိုး ကြုံဖူးတယ်။ ပြသနာတွေအတူဖြေရှင်းဖူးတယ်။
သင်ဟာ သူငယ်ချင်းနဲ့အတူ ဒုက္ခမျိုးစုံ ကြုံဖူးတယ်။ အတူဖြေရှင်းခဲ့ကြဖူးတယ်ဆိုရင်လည်း သင်တို့နှစ်ဦးရဲ့ သံယောဇဉ်ဟာ အတော်ခိုင်မာနေပါပြီ။

သင်ဟာ ဒီအချက် (၆)ချက်အပြင် သင်ဟာ အောက်ဖော်ပြပေါ အချက်တွေပါ လုပ်ဆောင်ဖူးတယ်ဆိုရင်တော့ သင့်ဘ၀မှာ သင့်သူငယ်ချင်းဟာ အရေးအကြီးဆုံးအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါပြီ။ သင်တို့နှစ်ဦးကို ဘယ်သူကမှ ကြားဝင်သွေးခွဲလို့ မရနိုင်တော့ပါဘူး။

၁။သင်တို့နှစ်ယောက်ဟာာ ဆင်တူတက်တူးထိုးဖူးထားကြတယ်။

၂။ သင့်သူငယ်ချင်းရွှေ့ပြောင်းသွားတဲ့ မြို့ကို သင်ပါအတူလိုက်ပြောင်းသွားတယ်။

၃။သင့်သူငယ်ချင်းက သဘောမကျတာကြောင့် သင်စိတ်ဝင်စားနေတဲ့သူကို ထားခဲ့လိုက်ပြီ။

 Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top