အသင့်စားခေါက်ဆွဲခြောက်တွေက ဈေးပေါတယ်၊လွယ်ကူတယ်၊ပူပူနွေးနွေး အဆင်သင့် စားသုံးနိုင်တယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ ရော ညီညွတ်မှုရှိရဲ့လား ဆိုတာ သင်သတိထားမိရဲ့လား။
အသင့်စားခေါက်ဆွဲခြောက်ဆိုတာ တက္ကသိုလ်ကျောင်းသားတွေနဲ့ လူငယ်လူရွယ်တွေ အများဆုံးစားသုံးကြသလို အလွှာပေါင်းစုံက လူတွေလည်း စားသုံးကြပါတယ်။ အသင့်စားခေါက်ဆွဲခြောက်တွေဟာ ဇီဝဓာတုလက္ခဏာစု (metalbolic syndrome) ရောဂါကို ဖြစ်စေနိုင်ပြီး သွေးတိုး၊နှလုံးရောဂါနဲ့ လေသင်တုန်းရောဂါတို့ ကို ဖြစ်စေနိုင်တယ်လို့  ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံက အမျိုးသမီးတွေကို လေ့လာမှုပြုလုပ်ခဲ့ရာမှာ အသင့်စားခေါက်ဆွဲခြောက်တွေကို ပိုမိုစားသုံးသူတွေဟာ ဘယ်လောက်ပဲ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်လုပ်၊ ဘယ်လောက်ပမာဏပဲ စားစား ဇီဝဓာတုလက္ခဏာစု ရောဂါ ဖြစ်နိုင်ချေပိုများတယ်ကို တွေ့ ရှိခဲ့ရပါတယ်။ ဇီဝဓာတုလက္ခဏာစုရောဂါကြောင့် အ၀လွန်ခြင်း၊ သွေးတိုး၊ နှလုံးရောဂါ လေသင်တုန်းရောဂါ နဲ့ အသည်းအဆီဖုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
အသင့်စားခေါက်ဆွဲခြောက်ဟာ အဆာပြေအစားအစာ သက်သက်သာ ဖြစ်ပြီး အသင့်စားခေါက်ဆွဲခြောက် တစ်ထုပ်မှာ ကာဗွန်ဟိုက်ဒရိတ်၊ဆိုဒီယမ်နဲ့ ကယ်လိုရီ ပမာဏ အများအပြားပါဝင်ပေမယ့် ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ အမျှင်ဓာတ်၊ ဗိုက်တာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုကတော့ လျော့နည်းပါတယ်။
“အသင့်စားခေါက်ဆွဲခြောက်ဆိုတာ အရသာရှိ၊စားသုံးရ လွယ်ကူပေမယ့် သူတို့ မှာ ဆိုဒီယမ်ပမာဏ၊ ကျန်းမာရေးနဲ့  မညီညွတ်တဲ့အဆီပမာဏ နဲ့  အချိုဓာတ်မြင့်မားမှုကြောင့် metabolic syndrome ခေါ် ဇီဝဓာတု လက္ခဏာစု ဖြစ်နိုင်ခြေပိုများတယ်” လို့ ဒီလေ့လာမှုကို ပူးတွဲပြုစုခဲ့သူ၊ လူထုကျန်းမာရေးဟားဗတ် တက္ကသိုလ်က ပါရဂူဘွဲ့ ကျောင်းသူ Hyun Shin က ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ခေါက်ဆွဲကို ရေနွေးပူနဲ့ ပြုတ်လိုက်တဲ့အခါ ခေါက်ဆွဲခြောက်ကနေ ထွက်လာတဲ့ အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း ဒိုင်အောက်ဇင် နဲ့  plasticizer လို့ ခေါ်တဲ့ ဓာတုပစ္စည်းတွေကြောင့် ကင်ဆာဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသင့်စား ခေါက်ဆွဲခြောက်တွေ နဲ့ ကျန်းမာရေးပြသနာ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။