iMyanmarHouse.com - Best Property Website for Myanmar
×










ကလေး ပြုစုစောင့်ရှောက်ရေး တာဝန်ကို အညီအမျှ ခွဲဝေယူသည့် ဇနီးမောင်နှံများသည် ပိုမိုပျော်ရွှင်ရပြီး လိင်မှုဘ၀မှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာခဲ့ကြောင်း အမေရိကန် ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့သည်။

မိသားစု (၄၈၇) စုကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ကလေးပြုစု စောင့်ရှောက်တာဝန်ကို အညီအမျှ ခွဲဝေယူသည့် မိဘများသည် စိတ်ပိုင်းနှင့် လိင်ပိုင်းပိုမိုကျေနပ်မှု ရရှိကြကြောင်း တွေ့ရှိခဲ့သည်။ သို့သော် ကလေးပြုစု စောင့်ရှောက်ရာတွင် အမျိုးသမီးက ပိုမို တာဝန်ယူရသည့် အိမ်ထောင်များတွင်မူ ပျော်ရွှင်သာယာမှု နည်းကြောင်း တွေ့ရှိခဲ့သည်။

ကလေးပြုစု စောင့်ရှောက်မှုတာဝန်ကို အမျိုးသားဖြစ်သူက ပိုယူရသည့် အိမ်ထောင်မျိုးတွင်မူ အလားတူ အကျိုးသက်ရောက်မှု မရှိခဲ့ကြောင်း သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အိမ်ထောင်ရေးနှင့် ဆက်ဆံရေး လေ့လာမှုအမည်ရှိ စစ်တမ်းတစ်ခုမှ အချက်အလက်များအပေါ် အခြေခံပြီး ယခုလေ့လာမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဇနီးဖြစ်သူက ကလေးပြုစု စောင့်ရှောက်မှုတာဝန် (၆၀) ရာခိုင်နှုန်းကျော် ယူရသည့် အိမ်ထောင်မျိုးတွင် ဆက်ဆံရေး စိတ်ကျေနပ်မှုနှင့် လိင်မှုဘ၀တို့သည် များစွာ သာယာစရာ မကောင်းလှကြောင်း အမေရိကန် လူမှုဗေဒ ပညာရှင်များ အသင်းသို့ တင်သွင်းသော စာတမ်းတွင် ဖော်ပြထားသည်။

““အမျိုးသမီးက ကလေးပြုစု စောင့်ရှောက်ရေး တာဝန်ပိုယူရတဲ့ မိသားစုတွေမှာ လိင်မှုဘ၀သာယာမှု ပြဿနာ ရှိတတ်ကြောင်း တွေ့ရှိမှုဟာ ဒီလေ့လာမှုရဲ့ အဓိက အချက်ပါပဲ””ဟု ဂျော်ဂျီယာပြည်နယ် တက္ကသိုလ်မှ လေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့သည့် လူမှုဗေဒပါမောက္ခ ဒေါက်တာ ဒယ်နီယယ်ကာလ်ဆန်က ပြောဆိုခဲ့သည်။

ဖခင်က ကလေးတာဝန် ပိုယူရသည့် မိသားစုတွင်မူ အမျိုးသား၏ တာဝန်ပိုယူရမှုသည် လိင်မှုဘ၀သာယာမှု အပေါ် သက်ရောက်မှု မရှိခဲ့ကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။ အစဉ်အလာအားဖြင့် ကလေးပြုစု စောင့်ရှောက်ရေး တာဝန်ကို အမျိုးသမီး များကသာ တာဝန်ယူခဲ့ ရသောကြောင့် ကလေးပြုစု စောင့်ရှောက်ရေး တာဝန်ကို ခွဲဝေယူသည့် အမျိုးသားသည် အစဉ်အလာကို မယုံကြည်သူများ ဖြစ်ကြသောကြောင့် ဇနီးမောင်နှံကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ပိုမိုရင်းနှီးမြှုပ်နှံမည်မှာ အမှန်ပင်ဖြစ်ကြောင်း မန်ချက်စတာ စီးပွားရေး ကောလိပ်မှ အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာနှင့် ကျန်းမာရေး ကျွမ်းကျင်သူ ပါမောက္ခ ကာရီကူးပါးက ပြောဆိုခဲ့သည်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top