လုပ်ငန်းခွင်အတွင်းမှာ သင့်ရဲ့မှတ်ဥာဏ် ကောင်းအောင် ဘယ်လိုလုပ်မလဲ ..
ဟာ..ခုတလော ခဏခဏ မေ့တတ်လိုက် တာ” “ခုနလေးတင် စဉ်းစားမိသေးတယ်.. ခုမေ့ သွားပြီ” “သူ့ရဲ့ ဖုန်းနံပါတ်ကို ဘယ်လိုမှစဉ်းစားလို့ မရတော့ဘူး” စသည်ဖြင့် လုပ်ငန်းခွင်အတွင်းမှ ခဏခဏ ရေရွတ်နေမိပါသလား..။ ဒါဆိုရင် မိတ်ဆွေအနေနဲ့ဒီဆောင်းပါးကို မဖြစ်မနေရှေ့ ဆက်ဖတ်သင့်ပါတယ်။ တကယ်တော့ နည်းပညာ တွေ တိုးတက်လာတဲ့ ဒီကနေ့ခေတ်ကြီးမှာ.. မှတ်ဉဏ် (နြာသမပ)ဆိုတာ.. အိုင်ဖုန်း တွေ.. အိုင်ပတ်တွေ.. ကွန်ပျူတာတွေထဲမှာပဲ ထားသို ထိန်းသိမ်းတော့ကြတာပါ။ ကျောင်းတွေ၊ ကော လိပ်တွေ၊ တက်္ကသိုလ်တွေရဲ့ ပညာသင်ကြားမှု ပုံစံ ကလည်း အလွတ်ကျက်မှတ်မှုထက်.. အတွေး အခေါ် သဘောတရား ပိုင်နိုင်ကျွမ်းကျင်မှုတွေကို ပိုပြီးဦးတည်လာကြပါပြီ။
သို့ပေမယ့် မည့်သည့် ပညာရပ်၊ အတတ်ပညာမဆို.. သဘောတရား ရေးစရာ မကျွမ်းကျင်မပိုင်နိုင်မီ၊ အလွတ်ကျက်မှတ် ရမယ့် အရာတွေ မှတ်သားထားရမယ့် အရာတွေ ရှိမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာလည်း အခြားသူတွေက ကွန်ပျူတာတွေ၊ အိုင်ပတ်တွေ၊ အိုင်ဖုန်းတွေကိုအားကိုး တွက်ချက်နေကြချိန်မှာ ကိုယ်ကမိမိရဲ့ ကိုယ်ပိုင်ဦးနှောက်နဲ့ မှတ်သားတွက် ချက်နိုင်မယ်ဆိုရင် လုပ်ငန်းခွင်ဆိုင်ရော တွက်ချက် မှုတွေကို ပိုမိုလျင်မြန်စွာလုပ်ကိုင်နိုင်ပြီး၊ လုပ်ငန်းခွင် ဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာလည်း အခြားသူတွေ ထက်ပိုမိုလျင်မြန်စွာ ချမှတ်ဆောင်ရွက်နိုင်မှာ ဖြစ် ပါတယ်။
တကယ်တော့ .. မှတ်ဉဏ်ကောင်းမွန်သူ တွေရဲ့ ဦးနှောက်နဲ့ မှတ်ဉဏ်မကောင်းတဲ့ သာမန် သူတွေရဲ့ ဦးနှောက်ဟာ အတူတူပါပဲ။ အဓိက ကွာခြားတာက မှတ်သားတဲ့နည်းလမ်းနဲ့ မှတ်သားပုံ မှတ်သားနည်းတွေပဲဖြစ်ပါတယ်။ စာရေးသူတို့ရဲ့ ဦးနှောက်က အကြောင်းအရာ အချက်အလက် တွေကို မှတ်သားတဲ့နေရာမှာ အခြေခံအားဖြင့် သဘောတရား (၃)ခုပဲရှိပါတယ်။ အဲ့ဒီ (၃)ခု ကတော့..
(၁) ထိန်းသိမ်းမှု (Retain)
(၂) စာရင်းသွင်းမှတ်သားမှု (Resister)နဲ့
(၃) ပြန်လည်ခေါ်ယူမှု(Recall) တို့ပဲဖြစ်ပါတယ်။ စာရေးသူတို့ရဲ့ ဦးနှောက်က အလွန်စနစ်ကျပါ တယ်။
အကြောင်းအရာတစ်ခုကို မှတ်သားထိန်း သိမ်းလိုက်ပြီဆိုရင် သူ့ရဲ့သက်ဆိုင်ရာ အကြောင်း အရာအလိုက် ဖိုင် (File)ဖွင့်ပြီး စနစ်တကျ စာရင်း သွင်း မှတ်သားထားတာဖြစ်ပါတယ်။ ဥပမာ- “သီပေါမင်း” ဆိုတဲ့ အကြောင်းအရာကို မှတ်သား တော့မယ်ဆိုရင်.. ဦးနှောက်က “သမိုင်း” ဆိုတဲ့ ဖိုင်အောက်မှာ စာရင်းသွင်း မှတ်သားလိုက်တဲ့ သဘောပါ။ ဒါ့ကြောင့်မို့ စာရေးသူတို့အနေနဲ့ “နည်းပညာ”ဆိုတဲ့ အကြောင်းအရာ ခေါင်းစဉ်နဲ့ စဉ်းစားတော့မယ်ဆိုရင် ဦးနှောက်မှ “သီပေါမင်း” ဆိုတဲ့စကားလုံးက ဘယ်လိုမှထွက်မလာနိုင်ပါဘူး။ စာရေးသူတို့အားလုံးဟာ မှတ်ထားထိန်းသိမ်းနိုင်တဲ့ စွမ်းအင်တွေအတူတူပါပဲ..။ မှတ်သားထားတာ တွေကို ပြန်လည်ခေါ်ယူ (Recall) လုပ်နိုင်စွမ်းတွေ သာ ကွာခြားသွားတာဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွင်းမှာ စာဖတ်သူတို့အနေနဲ့ မိမိတို့ရဲ့ မှတ်ဉဏ်ကို အကောင်းဆုံးပြန်လည် ခေါ်ယူ (ျွနခေူ) လုပ်နိုင်မယ့်.. နည်းလမ်းအချို့ ကို တင်ပြပေးလိုက်ရပါတယ်။
(၁) မြင်ယောင်မှတ်သားခြင်း (Visualisation)
စာရေးသူတို့ရဲ့ ဦးနှောက်ဟာ စာသားတွေ ထက်စာရင် ပုံရိပ်တွေကို ပိုပြီးမှတ်သားနိုင်ပါတယ်။ ဒါ့ကြောင့်မို့ စာရေးသူတို့အနေနဲ့မှတ်သားဖို့ လိုအပ် တာတွေကိုစာသားတွေအစားပုံရိပ်တွေအဖြစ်ပြောင်း လဲမှတ်သားသင့်ပါတယ်။
(၂) ဆက်စပ်မှတ်သားခြင်း (Association)
အကြောင်းအရာ အချက်အလက်တွေကို တစ်ခုချင်းစီ၊ သက်သက်စီမှတ်သားတာထက် တူရာတူရာတွေ စုစည်းဆက်စပ်ပြီးမှတ်သားတာက ပိုပြီးမှတ်မိလွယ်ပါတယ်။ မိမိမှတ်သားလိုတဲ့အရာ တွေကို ပုံရိပ်အဖြစ်မှတ်သားပြီး ဆက်စပ်မှတ်သား နိုင်ပြီဆိုင်ရင်တော့ သင်ဟာ စူပါမှတ်ဉဏ် (ှကစနမ နြာသမပ)ကို ပိုင်ဆိုင်သွားပါပြီ။
(၃) ထူးခြားဖြစ်စဉ် ပြုလုပ်မှတ်သားခြင်း (Making things Outstanding)
စာရေးသူတို့ရဲ့ဦးနှောက်ဟာသာမန်အကြောင်း အရာတွေထက် ထူးခြားဖြစ်စဉ် အကြောင်းအရာ တွေကို ပိုမိုစွဲထင်မှတ်မိနေတတ်ပါတယ်။ ဥပမာ-သင့်ရဲ့နိုင်ငံခြားခရီးစဉ်တွေကို မနေ့ညက သင်စား ခဲ့တဲ့ညစာထက် ပိုမိုအမှတ်ရ မှတ်မိနေတဲ့သဘော မျိုးပါ။ ဒါ့ကြောင့်မို့ မိမိအတွက် အရေးကြီးတဲ့ မှတ် သားစရာအကြောင်းအရာတွေကို ထူးခြားဖြစ်စဉ် ဖန်တီးပြုလုပ် မှတ်သားနိုင်ပါတယ်။
(၄) မြင်ယောင်မှတ်သားခြင်း (Imagination)
မြင်ယောင်မှတ်သားခြင်းကလည်း နည်းလမ်း ကောင်းတစ်ခုပါပဲ..။ တစ်ချို့သော အဖြစ်အပျက် အကြောင်းအရာတွေကို အသေးစိတ်ပြန်လည် မြင်ယောင်ခံစားပြီး မှတ်သားနိုင်ပါတယ်။
(၅) အရောင်ဖြင့် မှတ်သားခြင်း (Colour)
စာရေးသူတို့ဟာ အရောင်တွေကို သာမန် ထက် ငါးဆယ်ရာခိုင်နှုန်း ပိုမိုမှတ်သားနိုင်တယ်လို့ သုတေသနများက ဆိုပါတယ်။ ဒါ့ကြောင့်မို့ လုပ် ငန်းခွင်အတွင်းမှာ အစည်းအဝေးနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ၊ အကြောင်းအရာတွေကို မှတ်သားတော့မယ်ဆိုရင် သာမန် အနက်၊ အပြာ မင်ရောင်တွေနဲ့ မှတ်သားတာထက် ကာလာ အရောင်တွေနဲ့ မှတ်သားသင့်ပါတယ်။
(၆) ကာရံ (Rhythm)
ကာရံတွေဟာ..သာမန်စကားပြေစကား လုံးတွေထက် သင့်ရဲ့ မှတ်ဉဏ်ကို တိုးတက်မှတ်မိ လွယ်စေပါတယ်။ သာမန်စာသားတွေထက်.. သီချင်းတွေကို ပိုရလွယ်ကြတာဟာ ခိုင်မာတဲ့ သက်သေပါပဲ။ ငယ်ငယ်တုန်းက ကျောင်းမှာ ကုန်းဘောင်မင်းဆက် ၁၁ဆက်ကို “လောင်း၊ နောင်၊ ဆင်၊ စဉ့်၊ မောင်၊ ဘိုး၊ ဘ၊ သာ၊ ပု၊ မင်း၊ သီ” စသည်ဖြင့် မှတ်သားသလို လုပ်ငန်းခွင် အတွင်းက အရေးကြီး အချက်အလက်တွေကို မှတ်သားနိုင်ပါတယ်။
(၇) ခြုံငုံမှတ်သားခြင်း (ံHolism)
ဘယ်အရာကိုမဆို တစ်ခုလုံးခြုံငုံကြည့်ရှု (ျွငခ့ ဏငခအကမန) နိုင်ရင်အကောင်းဆုံးပါပဲ။ အ ကြောင်းအရာအချက်အလက်တွေကို တစ်ခုစီ၊ တစ်စစီမှတ်သားနေတာထက် သဘောတရား တစ်ခုလုံးကို ဆက်စပ်ခြုံငုံလေ့လာမှတ်သား သင့်ပါ တယ်။
Credit : လင်းသိုက်ညွှန့်(မြန်မာ့မြေ)
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...