ရုပ်ရှင်ဇာတ်ကားသစ်မှာ လူသတ်သမားအဖြစ် သရုပ်ဆောင်မယ့် လီယိုနာဒို
ဟောလိဝုဒ် သရုပ်ဆောင်မင်းသား လီယိုနာဒို ဒီကက်ပရီယိုသည် အမေရိကန် ဒါရိုက်တာ မာတင်စကောစေးစီ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား သစ်တွင် တစ်ဦးပြီးတစ်ဦး ဆက်တိုက်သတ်သော လူသတ်သမားအဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။
မာတင်စကောစေးစီသည် အမေရိကန်စာရေးဆရာအဲရစ် လာဆန်ရေးသားသော The Devil in the White City သုတ စာအုပ်ကို မှီငြမ်း၍ ရုပ်ရှင်ရိုက် ကူးတင်ဆက်မည်ဖြစ်သည်။ လီယိုနာဒိုသည် ယင်းဖြစ်ရပ်မှန် ဇာတ်လမ်း ရုပ်ရှင်ရိုက်ကူးတင်ဆက်ခွင့်ကို ပြီးခဲ့သည့် ၂၀၁၀ ကတည်းက ဝယ်ယူထားခဲ့သည်။
လီယိုနာဒိုသည် ယင်းဇာတ် ကားတွင် တစ်ဦးပြီးတစ်ဦး ဆက် တိုက်သတ်ဖြတ်သော လူသတ်သမားဒေါက်တာဟင်နရီဟောင်းဝါ့ဒ်ဟုမ်းအဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။ ဒေါက်တာဟုမ်းသည် ၁၈၉၃ တွင် ရှီကာဂိုမြို့၌ နိုင်ငံတကာကုန်စည်ပြပွဲပြု လုပ်စဉ်အတွင်း လူ ၂၇ ဦးကို သတ်ခဲ့သည်ဟု ဝန်ခံခဲ့သူဖြစ် သည်။ သို့သော် ၎င်းသတ်ဖြတ်ခဲ့ သူပေါင်း ၂၀၀ ခန့်ရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။
လီယိုနာဒိုနှင့် ဒါရိုက်တာ မာတင်စကောစေးစီတို့သည် ယခုရုပ်ရှင်ဇာတ်ကားမတိုင်မီ Gangs of New York, The Aviator, The Departed, Shutt -er Island နှင့် The Wolf of Wall Street ရုပ်ရှင်ဇာတ်ကားများတွင်ပူးတွဲအလုပ်လုပ်ခဲ့သည်။
Credit : 7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...